YouTube ရရှိငွေ စစ်ဆေးခြင်း

ယူကရိန်းရှိ ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကျွန်ုပ်တို့သည် Google နှင့် YouTube ကြော်ငြာများကို ရုရှားရှိ အသုံးပြုသူများအား ပြခြင်းကို ယာယီရပ်တန့်ပါမည်။ ပိုမိုလေ့လာရန်

YouTube Studio မိုဘိုင်းအက်ပ်၏ ဝင်ငွေတဘ်ဆီသို့ ငွေပေးချေမှုအချက်အလက်များ ပေးပို့နိုင်သည့် စမ်းသပ်ချက်အသစ်နှင့် မိတ်ဆက်ပေးပါမည်။ ထိုစမ်းသပ်ချက်သည် သတ်မှတ်ချက်ပြည့်မီသော ထုတ်လုပ်သူများ အတွက် ၎င်းတို့၏ ဝင်ငွေများကို ငွေပေးချေမှုအဖြစ်သို့ မည်သို့ပြောင်းလဲသည်ကို နားလည်ရန် ပိုမိုလွယ်ကူသော နည်းလမ်းကို ပေးပါသည်။ ထိုစမ်းသပ်ချက်ဖြင့် သင် ကြည့်နိုင်သည်မှာ-
  • သင်၏ နောက်ထပ်ငွေပေးချေမှုအတွက် တိုးတက်မှုအခြေအနေ
  • ရက်စွဲ၊ ပေးချေသောပမာဏနှင့် ပေးချေမှုခွဲတမ်းအပါအဝင် ပြီးခဲ့သော ၁၂ လအတွက် သင့်ငွေပေးချေမှုမှတ်တမ်း
ကျွန်ုပ်တို့၏ ဖိုရမ်ပို့စ် တွင် ပိုမိုလေ့လာပါ။

YouTube ပါတနာပရိုဂရမ် တွင် သင်ပါဝင်ပါက ‘YouTube စိတ်ဖြာလေ့လာချက်များ’ ရှိ ‘ရရှိငွေ’ တဘ်တွင် မည်သည့်အကြောင်းအရာသည် ဝင်ငွေအများဆုံးရပြီး မည်သည့်ဝင်ငွေရင်းမြစ်မှာ အမြတ်အစွန်းအများဆုံးဖြစ်ကြောင်း ပြသည်။ YouTube တွင် ငွေရှာနည်းအကြောင်း လေ့လာပါ

အကြံပြုချက်- ကျွန်ုပ်တို့၏ ငွေရှာမှုရင်းမြစ်များ ပြောင်းလဲလာသည်နှင့်အမျှ ‘YouTube စိတ်ဖြာလေ့လာချက်များ’ ရှိ ‘ရရှိငွေ’ တွင် ပို၍အသေးစိတ်ကျသော ရရှိငွေစိတ်ဖြာချက်များအပါအဝင် ပြောင်းလဲမှုများ မြင်ရနိုင်သည်။ ဤစိတ်ဖြာချက်များသည် ဖော်မက်မျိုးစုံထုတ်လုပ်သူများကို ဝင်ငွေလမ်းကြောင်းများအပေါ် အသေးစိတ်နားလည်စေပြီး လုပ်ငန်းချဲ့ထွင်နိုင်ရန် အခွင့်အလမ်း ပေးအပ်သည်။ နောက်ထပ်အချက်အလက်အတွက် ဆက်ဖတ်ပါ။

မှတ်ချက်- ‘YouTube စိတ်ဖြာလေ့လာချက်များ’ တွင် ရရှိငွေ ပြရန် ၂ ရက် ကြာပါသည်။

ရရှိငွေဆိုင်ရာ အစီရင်ခံစာများ ကြည့်ရှုခြင်း

YouTube iPhone app

  1. Open the YouTube app .
  2. Tap your profile picture ပြီးနောက် Your channel.
  3. From the middle menu, tap Analytics  to view a brief summary of your channel performance.

YouTube Studio app for iPhone and iPad

  1. Open the YouTube Studio app .
  2. From the bottom menu, tap Analytics .
  3. From the top menu, tap Revenue.

သင်၏ရရှိငွေပမာဏ

ဤအစီရင်ခံစာသည် ပြီးခဲ့သည့် ၆ လအတွင်း သင့်ချန်နယ် ရရှိထားသောဝင်ငွေကို ဖော်ပြပြီး လအလိုက် ခွဲပြထားသည်။

သင်၏အသားတင်ရငွေပမာဏသည် အောက်ပါတို့ကြောင့် ပြောင်းလဲနိုင်သည်-

သင်၏ခန့်မှန်းဝင်ငွေ အပြောင်းအလဲရှိပါက ဤပြင်ဆင်ချက်များကြောင့် ဖြစ်နိုင်သည်။ ရရှိထားသောဝင်ငွေကို ‘YouTube စိတ်ဖြာလေ့လာချက်များ’ တွင် ပြပြီးနောက် ဤပြင်ဆင်ချက်များကို နှစ်ကြိမ် ပြုလုပ်သည်-

  • ပထမပြင်ဆင်ချက်ကို ၁ ပတ်အကြာတွင် ပြုလုပ်ပြီး ပို၍ပြည့်စုံသောခန့်မှန်းချက်ကို ပေးသည်။
  • ဒုတိယပြင်ဆင်ချက်ကို နောက်လလယ်တွင် ပြုလုပ်ပြီး ၎င်းက စုစုပေါင်းဝင်ငွေကို ပြသည်။

ငွေရှာပုံ

ဤအစီရင်ခံစာသည် ရငွေရင်းမြစ်အသီးသီးမှ ခန့်မှန်းရရှိငွေ မည်မျှရှိကြောင်း စိတ်ဖြာချက်ကို ပေးသည်။ ရရှိငွေရင်းမြစ်နမူနာများတွင် ‘ကြည့်ရှုစာမျက်နှာ’၊ ‘Shorts ဖိဒ် ကြော်ငြာ’၊ ‘စာရင်းသွင်းမှု’၊ Supers၊ ‘ချိတ်ဆက်ထားသောဆိုင်များ’ နှင့် ‘Shopping တွဲဖက်များ’ ပါဝင်သည်။ ရရှိငွေစိတ်ဖြာချက်အသေးစိတ် သိရှိရန် ရင်းမြစ်တစ်ခုကို ရွေးနိုင်သည်။

အကြောင်းအရာ စွမ်းဆောင်ရည်

ဤအစီရင်ခံစာသည် သင်၏ဗီဒီယို၊ Shorts နှင့် တိုက်ရိုက်ထုတ်လွှင့်မှုများမှ ဝင်ငွေ မည်မျှရရှိကြောင်း ပြသည်။ ဤအစီရင်ခံစာတွင် ကြည့်ရှုမှု တစ်ထောင်လျှင် ရရှိငွေ (RPM) လည်း ပါဝင်သည်။

ဤအစီရင်ခံစာသည် မည်သည့်အကြောင်းအရာက ခန့်မှန်းရရှိငွေ အများဆုံးဖြစ်ကြောင်း ပြပြီး ဖော်မက်အမျိုးအစား (ဗီဒီယို၊ Shorts၊ တိုက်ရိုက်ထုတ်လွှင့်မှု) အလိုက် ခွဲပြထားသည်။

အပြီးသတ်ရရှိငွေကို ကြည့်ရန်

အပြီးသတ်ရရှိငွေအကြောင်း

  • အပြီးသတ်ရရှိငွေကို သင်၏ YouTube အတွက် AdSense အကောင့်တွင်သာ မြင်နိုင်သည်။
  • ‘YouTube အတွက် AdSense’ ရှိ အပြီးသတ်ရရှိငွေသည် ‘YouTube စိတ်ဖြာလေ့လာချက်များ’ ရှိ ခန့်မှန်းရရှိငွေနှင့် ကွာခြားနိုင်သည်။ ဥပမာ အခွန် နုတ်ယူခြင်း ရှိပါက သင်၏ အပြီးသတ်ရရှိငွေအပေါ် သက်ရောက်နိုင်သည်။ နုတ်ယူသည့် မည်သည့်အခွန်ကိုမဆို သင်၏ ‘YouTube အတွက် AdSense အကောင့်’ တွင် မြင်ရပါမည်။
  • ယခင်လအတွက် အပြီးသတ်ရရှိငွေကို လစဉ် ၇ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း သင့်အကောင့်လက်ကျန်ငွေသို့ ပေါင်းထည့်ပါသည်။

‘YouTube အတွက် AdSense’ တွင် အပြီးသတ်ရရှိငွေကို ကြည့်ရန်-

သိထားသင့်သည့် မက်ထရစ်များ

‘ကြည့်ရှုစာမျက်နှာ’ ကြော်ငြာမှ ရငွေ သတ်မှတ်ထားသည့် ရက်အပိုင်းအခြားနှင့် ဒေသတို့အတွက် ‘YouTube အတွက် AdSense’၊ DoubleClick ကြော်ငြာနှင့် YouTube Premium တို့မှ ခန့်မှန်းရရှိငွေ။ ဤပမာဏတွင် ပါတနာက ရောင်းချသည့်ကြော်ငြာများမှ ရရှိငွေ မပါဝင်ပါ။
‘Shorts ဖိဒ်’ ကြော်ငြာမှ ရငွေ သတ်မှတ်ထားသည့် ရက်အပိုင်းအခြားအတွက် ‘Shorts ဖိဒ်’ ကြော်ငြာနှင့် YouTube Premium တို့မှ ခန့်မှန်းရရှိငွေ။
စာရင်းသွင်းမှုမှ ရငွေ သတ်မှတ်ထားသည့် ရက်အပိုင်းအခြားအတွက် စာရင်းသွင်းမှုနှင့် စာရင်းသွင်းမှုလက်ဆောင်တို့မှ ခန့်မှန်းရရှိငွေ။
Supers မှ ရငွေ Super Chat၊ Super Stickers နှင့် Super Thanks စသော Supers မှ ခန့်မှန်းရရှိငွေ။
လက်ဆောင်မှ ရငွေ လက်ဆောင်မှ ရငွေကို တိုက်ရိုက်လွှင့်နေစဉ် ရရှိထားသော ‘ပတ္တမြား’ ဖြင့် ဆုံးဖြတ်သည်။
Shopping တွဲဖက်မှ ရငွေ သင့်အကြောင်းအရာတွင် အသားပေးဖော်ပြသည့် အခြားကုန်အမှတ်တံဆိပ် ထုတ်ကုန်များမှ ခန့်မှန်းရရှိငွေ။
ရောင်းချမှုစုစုပေါင်း တွဲဖက်လက်လီရောင်းသူ (သို့) သတ်မှတ်ချက်မီသည့် ချိတ်ဆက်ထားသောဆိုင်များမှ ခန့်မှန်းရောင်းချမှုများ။ ‘စိတ်ဖြာလေ့လာချက်’ ရှိ ခန့်မှန်းရောင်းချမှုများသည် ချိတ်ဆက်ထားသောဆိုင်မှ ဒေတာနှင့် မကိုက်ညီမှု ရှိနိုင်သည်။ ကွဲလွဲမှုများ ရှိနိုင်သည့်အကြောင်း ကို ပိုမိုလေ့လာပါ။
မှာယူမှုများ တွဲဖက်လက်လီရောင်းသူ (သို့) သတ်မှတ်ချက်မီသည့် ချိတ်ဆက်ထားသောဆိုင်များမှ ပြုလုပ်သော မှာယူမှုခန့်မှန်းအရေအတွက်။ ‘စိတ်ဖြာလေ့လာချက်’ ရှိ ခန့်မှန်းမှာယူမှုများသည် ချိတ်ဆက်ထားသောဆိုင်မှ ဒေတာနှင့် မကိုက်ညီမှု ရှိနိုင်သည်။ ကွဲလွဲမှုများ ရှိနိုင်သည့်အကြောင်း ကို ပိုမိုလေ့လာပါ။
ထုတ်ကုန်ကလစ်များ တဂ်လုပ်ထားသည့် ထုတ်ကုန်များအပေါ် ကြည့်ရှုသူများ နှိပ်သော ထုတ်ကုန်ကလစ် စုစုပေါင်းအရေအတွက်။
ထိပ်တန်းထုတ်ကုန်များ သင့်ထုတ်ကုန်များကို ထုတ်ကုန်ကလစ်အရေအတွက်ဖြင့် အဆင့်သတ်မှတ်သည်။ သင့်တွင် သတ်မှတ်ချက်မီသည့် ချိတ်ဆက်ထားသောဆိုင် ရှိပါက ရောင်းချမှုများမှ ခန့်မှန်းရရှိငွေအလိုက် အဆင့်သတ်မှတ်ထားသော သင့်ထုတ်ကုန်များကိုလည်း ကြည့်နိုင်သည် (လောလောဆယ် Cafe24 နှင့် Shopify တွင်သာ ရနိုင်သည်)။
ဝင်ငွေအရဆုံးအကြောင်းအရာ ခန့်မှန်းရရှိငွေအလိုက် အဆင့်သတ်မှတ်ထားသော သင့်ထုတ်ကုန်များ။
‘ကုန်ပစ္စည်း တဂ်လုပ်ခြင်း’ မှ ရရှိငွေ သတ်မှတ်ထားသည့် ရက်အပိုင်းအခြားအတွက် YouTube Shopping Fund မှ ခန့်မှန်းရရှိငွေ။
YouTube Player for Education ပညာရေးနည်းပညာပလက်ဖောင်းများတွင် ကြည့်ရှုခံရသည့် အကြောင်းအရာမှ ခန့်မှန်းရရှိငွေ။
ခန့်မှန်းရရှိငွေ (ဝင်ငွေ) သတ်မှတ်ထားသည့် ရက်အပိုင်းအခြားနှင့် ဒေသတို့အတွက် YouTube ဝင်ငွေရင်းမြစ်များမှ စုစုပေါင်းခန့်မှန်းရရှိငွေ (အသားတင်ဝင်ငွေ)။
ခန့်မှန်းရရှိငွေ (တွဲဖက်) ငွေပေးချေမှုအတွက် အတည်မပြုရသေးသော ယခင်ရောင်းချမှုများမှရသည့် ကော်မရှင်များ။ ဤပမာဏကို ဆိုင်းငံ့ထားသောကော်မရှင်များမှ ပြန်အမ်းငွေကို နုတ်ပြီး တွက်ချက်သည်။ ပြန်အမ်းကာလသည် ပုံမှန်အားဖြင့် ရက် ၃၀ မှ ၉၀ အထိ ကြာသည်။
အတည်ပြုထားသော ကော်မရှင်များ ယခင်ရောင်းချမှုများမှ ရရှိထားပြီး ငွေပေးချေမှုအတွက် အတည်ပြုထားသော ကော်မရှင်များ။

ငွေလွှဲပြောင်းမှု

သတ်မှတ်ထားသည့် ရက်အပိုင်းအခြားနှင့် ဒေသတို့အတွက် Supers မှ ငွေလွှဲပြောင်းမှုအရေအတွက်။

ငွေရစေသော ကြည့်ရှုမှု ခန့်မှန်းခြေ

ငွေရစေသော ကြည့်ရှုမှုသည် ကြည့်ရှုသူက သင့်ဗီဒီယိုကို ကြည့်ပြီး ကြော်ငြာပြသကြိမ် အနည်းဆုံးတစ်ကြိမ်ရှိသည့်အခါကို ဆိုလိုသည်။ ကြည့်ရှုသူသည် သင့်ဗီဒီယိုထိ မရောက်ဘဲ အစပိုင်း ကြော်ငြာလာနေစဉ် ထွက်သွားလျှင်လည်း ၎င်းကို ပြနိုင်သည်။

ကြည့်ရှုမှုများ

ချန်နယ် (သို့) ဗီဒီယိုများအတွက် စစ်မှန်သောကြည့်ရှုမှုအရေအတွက်။

မှတ်ချက်- YouTube သည် YouTube Shorts အတွက် ပကတိကြည့်ရှုမှုများ ရေတွက်ပုံကို ပြောင်းထားသည်။ ထို့ပြင် အကြောင်းအရာအားလုံးရှိ ကြော်ငြာကြည့်ရှုမှုများ ရေတွက်ခြင်း နည်းစနစ် (ကြော်ငြာရှင်များက “YouTube အများကြည့်ရှုမှုများ” ဟု ရည်ညွှန်းသည်) ကိုလည်း အပ်ဒိတ်လုပ်ထားသည်။

ပျမ်းမျှကြည့်ရှုချိန်

ဆက်လက်ကြည့်ရှုသူများ၏ ပျှမ်းမျှကြည့်ရှုချိန် မိနစ်ပေါင်း။

Shorts တွင် ၎င်းကို စစ်မှန်သော ကြည့်ရှုမှုများနှင့် သက်ဆိုင်ရာကြည့်ရှုချိန်တို့မှ တွက်ချက်သည်။

ကြည့်ရှုချိန် (နာရီ)

ကြည့်ရှုသူများက သင့်ဗီဒီယိုကို ကြည့်ထားသည့်ကြာချိန်။

ကြော်ငြာရှင်များ ပေးသည့်ပမာဏ ကြော်ငြာတစ်ခုနှင့်အထက် ပြသည့် ငွေရစေသော ကြည့်ရှုမှု ၁,၀၀၀ တွင် သင်၏ရရှိငွေ။
ကြော်ငြာအမျိုးအစားအလိုက် ရရှိငွေ ကျော်၍ရသောဗီဒီယိုကြော်ငြာ၊ ပြကွက်ကြော်ငြာ၊ မျက်နှာစာကြော်ငြာနှင့် ကျော်၍မရသောကြော်ငြာ ကဲ့သို့သော ကြော်ငြာအမျိုးအစားအလိုက် ခွဲပြထားသည့် ရရှိငွေ။
စာရင်းသွင်းမှုအဆင့်များ အခြေခံအဆင့်၊ အမာခံပရိသတ်၊ VIP ကဲ့သို့သော စာရင်းသွင်းမှုအဆင့်အလိုက် ခွဲပြထားသည့် ရရှိငွေ။
စုစုပေါင်းအဖွဲ့ဝင် စုစုပေါင်းအဖွဲ့ဝင်နှင့် လက်ရှိအဖွဲ့ဝင်များအတွက် ရရှိငွေ။ လက်ရှိအဖွဲ့ဝင်များကို စုစုပေါင်းအဖွဲ့ဝင်များမှ ပယ်ဖျက်ထားသည့်အဖွဲ့ဝင်များကို နုတ်ပြီး တွက်ချက်သည်။ အောက်ပါတို့အပါအဝင် စုစုပေါင်းအဖွဲ့ဝင်များ၏ စိတ်ဖြာချက်ကို ရှာပါ-
  • ပြန်ကျော့ စာရင်းသွင်းထားသော အဖွဲ့ဝင်များ
  • စာရင်းသွင်းမှုလက်ဆောင်ရှိသော အဖွဲ့ဝင်များ (အချိန်ကန့်သတ်ထားသည်)
အဖွဲ့ဝင်များ ပါဝင်သည့်နေရာ မည်သည့်အကြောင်းအရာက အဖွဲ့ဝင်အရေအတွက်အများဆုံး ပါဝင်လာစေသည်ကို စစ်ဆေးပါ။ ချန်နယ်အဖွဲ့ဝင်များကို “အဖွဲ့ဝင်သီးသန့်” တံဆိပ်များ ပေးပါ။
စာရင်းသွင်းမှုပယ်ဖျက်ရသည့် အကြောင်းရင်း စာရင်းသွင်းမှု ပယ်ဖျက်စဉ် ကြည့်ရှုသူများက စစ်တမ်းကို လုံလောက်စွာ ဖြေကြားခြင်းရှိမရှိ သိရရန် သိကောင်းစရာ ရယူပါ။
Supers ၏ ငွေရှာပုံ ခွဲပြထားသော Super Chat၊ Super Stickers နှင့် Super Thanks တို့မှ ရရှိငွေ။
ထိပ်တန်းထုတ်ကုန်များ ကလစ်အများဆုံးရသော ကြော်ငြာထားသည့်ထုတ်ကုန်များ။
ချိတ်ဆက်ထားသောဆိုင် ပြသကြိမ်များ ချိတ်ဆက်ထားသောဆိုင်တွင် ရှိသော ပြသကြိမ်။

ဤအရာက အကူအညီရပါသလား။

ကျွန်ုပ်တို့မည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်မလဲ?

နောက်ထပ် အကူအညီလိုပါသလား။

နောက်အဆင့်များကို စမ်းကြည့်ပါ-

ရှာဖွေခြင်း
ရှာဖွေမှု ရှင်းရန်
ရှာဖွေခြင်းကို ပိတ်ရန်
ပင်မမီနူး
2228542718060796567
true
Search ကူညီရေးဌာန
false
true
true
true
true
true
59
false
false
false
false
false