မူပိုင်ခွင့် တန်ပြန်အကြောင်းကြားချက် ပို့ခြင်း

တန်ပြန်အကြောင်းကြားချက် ဆိုသည်မှာ မူပိုင်ခွင့်ကြောင့် ဖယ်ရှားရန်တောင်းဆိုချက် ကြောင့် ဖယ်ရှားခံလိုက်ရသော အကြောင်းအရာကို ပြန်တင်ပေးရန် ဥပဒေကြောင်းအရ တောင်းဆိုချက်ဖြစ်သည်။ သင့်အကြောင်းအရာကို မှားယွင်းစွာ ဖယ်ရှားခံလိုက်ရသည်ဟု ယူဆပါက မူပိုင်ခွင့်ချိုးဖောက်မှု သတိပေးချက်ကို ဖြေရှင်း ရန် တန်ပြန်အကြောင်းကြားချက် ပို့နိုင်သည်။

ဗီဒီယိုများအတွက် YouTube Studio တွင်ဖြစ်စေ၊ အီးမေးလ်၊ ဖက်စ် သို့မဟုတ် စာတိုက် မှတစ်ဆင့်ဖြစ်စေ ပို့နိုင်သည်။ ချန်နယ် နဖူးစည်းပုံများကဲ့သို့သော ဗီဒီယိုမဟုတ်သည့် အကြောင်းအရာများအတွက် အီးမေးလ်၊ ဖက်စ် သို့မဟုတ် စာတိုက် မှတစ်ဆင့် ပို့နိုင်သည်။

မပို့မီ သိထားရမည့်အရာများ-

  • ပို့သင့်သောအချိန်- သင့်အကြောင်းအရာကို မှားယွင်းစွာ ဖယ်ရှားခံလိုက်ရသည်ဟု ယူဆမှသာ တန်ပြန်အကြောင်းကြားချက်ကို ပို့ပါ။ ၎င်းတွင် မျှတသောအသုံးပြုမှု၊ မျှတသောမူပိုင်ခွင့် သို့မဟုတ် အများသုံး ဒိုမိန်း ကဲ့သို့သော မူပိုင်ခွင့် ခြွင်းချက်အခြေအနေအဖြစ် သတ်မှတ်နိုင်သည့် အကြောင်းအရာကို လွဲမှားသတ်မှတ်ခြင်းများ ပါဝင်သည်။
  • အခြားရွေးချယ်စရာများ- အကြောင်းအရာ ဖယ်ရှားမှုသည် မှားယွင်းသည်ဟု မယူဆပါက ရက် ၉၀ စောင့် နိုင်ပြီး မူပိုင်ခွင့်ချိုးဖောက်မှု သတိပေးချက် သည် ‘မူပိုင်ခွင့်ကျောင်း’ ပြီးဆုံးထားပါက သက်တမ်းကုန်သွားပါမည်။ မူပိုင်ခွင့်ချိုးဖောက်မှု သတိပေးချက်ကို ဖြေရှင်းရန်အတွက် ပြန်ရုပ်သိမ်းမှု တောင်းဆို ရန်ကိုလည်း စမ်းကြည့်နိုင်သည်။
  • ပိုင်ဆိုင်ကြောင်း သို့မဟုတ် ခွင့်ပြုချက်ရှိကြောင်း သက်သေ- တေးဂီတ (နောက်ခံတွင် ဖွင့်ထားသည့်တိုင်) အပါအဝင် သင့်အကြောင်းအရာရှိ အစိတ်အပိုင်းအားလုံး၏ မူပိုင်ခွင့်များကို သင်ရရှိထားကြောင်း အတည်ပြုပါ။ အခြားသူတစ်ဦး၏ မူပိုင်ခွင့်ရှိ အကြောင်းအရာကို အသုံးပြုထားပါက ၎င်းကို အသုံးပြုရန် သင့်တွင် လိုင်စင် သို့မဟုတ် ခွင့်ပြုချက် ရှိကြောင်း အတည်ပြုပါ။
  • မျှဝေသည့် အချက်အလက်- တန်ပြန်အကြောင်းကြားချက်ကို အရေးဆိုသူနှင့် မျှဝေရန် ဥပဒေအရ လိုအပ်သည်။ ကိုယ်ရေးအချက်အလက်များ ဖော်ပြရမည်ကို စိုးရိမ်ပါက ခွင့်ပြုထားသည့် ကိုယ်စားလှယ် (ရှေ့နေကဲ့သို့) သည် အပ်လုဒ်လုပ်သူ၏ ကိုယ်စား တန်ပြန်အကြောင်းကြားချက်ကို အီးမေးလ်၊ ဖက်စ် သို့မဟုတ် စာတိုက် ဖြင့် ပို့နိုင်သည်။
  • အကြောင်းကြားချက် ပို့သူ- ပြဿနာရှိသော အကြောင်းအရာ၏ မူလအပ်လုဒ်လုပ်သူက တန်ပြန်အကြောင်းကြားချက်ကို ပို့သင့်သည်။ အခြားတစ်နည်းအားဖြင့် ရှေ့နေကဲ့သို့သော ခွင့်ပြုထားသည့် ကိုယ်စားလှယ်က အပ်လုဒ်လုပ်သူကိုယ်စား ပို့ပေးနိုင်သည်။
အချက်အလက်အမှားများကို မပို့ပါနှင့်။ စာရွက်စာတမ်းအတုများ ပို့ခြင်းကဲ့သို့သော ကျွန်ုပ်တို့၏လုပ်ငန်းစဉ်များကို အလွဲသုံးစားပြုခြင်းကြောင့် သင့်အကောင့်အား ရပ်စဲခြင်း (သို့) အခြားသော ဥပဒေဆိုင်ရာအကျိုးဆက်များ ရှိနိုင်သည်။

YouTube Studio တွင် ပို့ခြင်း

ဗီဒီယိုများအတွက် မူပိုင်ခွင့် တန်ပြန်အကြောင်းကြားချက်များကို ကွန်ပျူတာရှိ YouTube Studio သို့မဟုတ် YouTube Studio အက်ပ်တွင် ပို့နိုင်သည်-

  1. ‘YouTube Studio’ သို့ လက်မှတ်ထိုးဝင်ပါ။
  2. ဘယ်ဘက်မီနူးမှ အကြောင်းအရာ ကို နှိပ်ပါ။
  3. ဖီလ်တာဘား ပြီးနောက် မူပိုင်ခွင့် ကို နှိပ်ပါ။
  4. မြင်နိုင်မှု ကော်လံတွင် “ဖယ်ရှားထားသည်” အခြေအနေတွင်ရှိသော ဗီဒီယိုကို ရှာပါ။
  5. ကန့်သတ်ချက်များ ကော်လံတွင် မူပိုင်ခွင့် ပေါ် မောက်စ်တင်ပါ။
  6. အသေးစိတ်ကြည့်ရန် ကို နှိပ်ပါ။
  7. သုံးထားသော အကြောင်းအရာ အောက်တွင် လုပ်ဆောင်ပါ ပြီးနောက် တန်ပြန်အကြောင်းကြားချက် ပို့ရန် ကို နှိပ်ပါ။
  8. တန်ပြန်အကြောင်းကြားချက်အတွက် လိုအပ်ချက်များကို ဖတ်ပြီး အတည်ပြုရန်အတွက် အကွက်ကို အမှတ်ခြစ်ပါ ပြီးနောက် ဆက်လုပ်ရန်
  9. ဆက်သွယ်ရန် အချက်အလက်ထည့်ပါ ပြီးနောက် ဆက်လုပ်ရန်
    • သင့်လိပ်စာနေရာနှင့် တရားဝင်အမည် အပြည့်အစုံ (ပုံမှန်အားဖြင့် ရှေ့အမည်နှင့် နောက်အမည်) ကို ထည့်သွင်းထားကြောင်း သေချာပါစေ။ ကုမ္ပဏီ (သို့) ချန်နယ်အမည်ကို မထည့်ပါနှင့်။
  10. သင်၏ အကြောင်းပြချက်ကို ထည့်ပါ။ သင့်အကြောင်းအရာကို ဖယ်ရှားခြင်းသည် မှားယွင်းမှု (သို့) လွဲမှားသတ်မှတ်မှုကြောင့်ဖြစ်သည်ဟု ယုံကြည်ရသည့် အကြောင်းရင်းကို ရှင်းလင်းတိကျစွာ ရှင်းပြပါ။
  11. ကြေညာချက်များကို ပြန်စစ်ပြီးနောက် သဘောတူရန်အတွက် အကွက်များကို အမှတ်ခြစ်ပါ။
  12. လက်မှတ်အဖြစ် တရားဝင်အမည်အပြည့်အစုံကို ထည့်ပါ ပြီးနောက် ဆက်လုပ်ရန် ကို နှိပ်ပါ။
  13. (ချန်လှပ်နိုင်သည်) အခြားဗီဒီယိုများကိုလည်း တူညီသည့် ဖယ်ရှားရန်တောင်းဆိုချက်ကြောင့် ဖယ်ရှားထားပြီး မှားယွင်းစွာ ဖယ်ရှားခံရသည်ဟု ယူဆလျှင် အဆိုပါဗီဒီယိုများကို ရွေးပြီး တန်ပြန်အကြောင်းကြားချက်တွင် ၎င်းတို့အားလုံးကို ထည့်နိုင်သည်။
  14. ပို့ရန် ကို နှိပ်ပါ။

အီးမေးလ်၊ ဖက်စ် သို့မဟုတ် စာတိုက်မှ ပို့ခြင်း

ဗီဒီယိုနှင့် ချန်နယ် နဖူးစည်းပုံကဲ့သို့သော ဗီဒီယိုမဟုတ်သည့် အကြောင်းအရာများအတွက် မူပိုင်ခွင့် တန်ပြန်အကြောင်းကြားချက်များကို အီးမေးလ်၊ ဖက်စ် သို့မဟုတ် စာတိုက်မှတစ်ဆင့် ပို့နိုင်သည်။

အီးမေးလ်ဖြင့်ပို့ရန် အောက်ပါ လိုအပ်သည့်အချက်အလက်အားလုံးကို အီးမေးလ်စာကိုယ်တွင် (ပူးတွဲဖိုင်အဖြစ် မဟုတ်ပါ) ထည့်ပြီး copyright@youtube.com သို့ ပို့ပါ သို့မဟုတ် ဖက်စ်၊ စာတိုက် မှတစ်ဆင့် ပို့ပါ-

၁။ သင်၏ ဆက်သွယ်ရန် အချက်အလက်

တန်ပြန်အကြောင်းကြားချက်နှင့်ပတ်သက်၍ သင် သို့မဟုတ် သင် ခွင့်ပြုထားသည့် ကိုယ်စားလှယ်ကို ဆက်သွယ်ရန် အောက်ပါတို့ကို ထည့်သွင်းပါ-

  • တရားဝင်အမည် အပြည့်အစုံ- ရှေ့အမည်နှင့် နောက်အမည်ဖြစ်ပြီး ကုမ္ပဏီအမည်မဟုတ်ပါ။ သင်သည် ခွင့်ပြုထားသည့် ကိုယ်စားလှယ်ဖြစ်ပါက အပ်လုဒ်လုပ်သူနှင့် သင်၏ ဆက်နွှယ်မှုကိုလည်း ထည့်သွင်းပါ။
  • သင့်လိပ်စာနေရာ
  • သင့်ဖုန်းနံပါတ်
၂။ အရေးဆိုသူထံ ကြေညာချက်

အကြောင်းအရာကို ဖယ်ရှားခြင်းသည် မှားယွင်းမှု သို့မဟုတ် လွဲမှားသတ်မှတ်မှုကြောင့်ဖြစ်သည်ဟု ယူဆရသည့် အကြောင်းရင်းကို သင့်စကားဖြင့် လိုရင်းတိုရင်း ရှင်းပြပြီး အရေးဆိုသူထံပို့မည့် ကြေညာချက်တွင် ထည့်သွင်းရပါမည်။ လွဲမှားသတ်မှတ်ခြင်းတွင် မျှတသောအသုံးပြုမှု၊ မျှတသောမူပိုင်ခွင့် သို့မဟုတ် အများသုံး ဒိုမိန်း ကဲ့သို့သော မူပိုင်ခွင့် ခြွင်းချက် ဖြစ်ရပ်များ ပါဝင်သည်။

၃။ အကြောင်းအရာ၏ လင့်ခ်များ
တန်ပြန်အကြောင်းကြားချက်များတွင် မူပိုင်ခွင့်ကြောင့် ဖယ်ရှားရန်တောင်းဆိုချက် ကြောင့် ဖယ်ရှားခံလိုက်ရသည့် အကြောင်းအရာ၏ တိုက်ရိုက်လင့်ခ်များ ပါဝင်ရမည်။ အကြောင်းအရာအမျိုးအစားပေါ် မူတည်၍ လင့်ခ်များကို သီးသန့် URL ပုံစံဖြင့် ပို့ရမည်-
အကြောင်းအရာ အမျိုးအစား အကျုံးဝင်သည့် URL ဖော်မက် URL ကို တွေ့နိုင်မည့် နေရာ
ချန်နယ် နဖူးစည်းပုံများ

www.youtube.com/channel/UCxxxxxxxxxxxxxxxxxxxxx

သို့မဟုတ်

www.youtube.com/user/xxxxxxxxx

ချန်နယ်စာမျက်နှာ ပြီးနောက် သို့ သွားပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။​
ချန်နယ် ဖော်ပြချက်များ www.youtube.com/user/xxxxxxxxx/about ချန်နယ်၏ အကြောင်း ကဏ္ဍ ပြီးနောက် သို့ သွားပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။​
ဗီဒီယိုအပိုင်းများ www.youtube.com/clip/xxxxxxxxxxxxxxxxxxxxxxxxxx ဗီဒီယိုအပိုင်း၏ ခေါင်းစဉ် ပြီးနောက် ကို နှိပ်ပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။​
ဗီဒီယိုများရှိ မှတ်ချက်များ www.youtube.com/watch?v=xxxxxxxxxx&lc=xxxxxxxxxxxxxxxxxx မှတ်ချက်အထက်ရှိ ပို့စ်တင်သော ရက်စွဲ (စာမျက်နှာ ပြန်လည်စတင်မည်) ပြီးနောက် ကို နှိပ်ပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။​
ပို့စ်ရှိ မှတ်ချက်များ www.youtube.com/channel/xxxxxxxxxxx/community?lc=xxxxxxxxxxxx&lb=xxxxxxxxxxxx မှတ်ချက်အထက်ရှိ ပို့စ်တင်သော ရက်စွဲ (စာမျက်နှာ ပြန်လည်စတင်မည်) ပြီးနောက် ကို နှိပ်ပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။​

အထူးပြုလုပ်ချက်များ (Shorts)

www.youtube.com/effect/xxxxxxxxxx

သတိပြုရန်- ‘အထူးပြုလုပ်ချက်’ ဖယ်ရှားခြင်းသည် ‘အထူးပြုလုပ်ချက်’ သုံးထားပြီးသော ဗီဒီယိုများပေါ် မသက်ရောက်ပါ။
​‘အထူးပြုလုပ်ချက်’ ချစ်ပ်ကို နှိပ်ပါ (Short ဗီဒီယိုတွင် ချန်နယ်အမည်ပေါ်၌) ပြီးနောက် လိပ်စာဘားတွင် ညာဘက်ခလုတ်ကို နှိပ်ပြီး ပြီးနောက် မိတ္တူကူးရန် ကို နှိပ်ပါ။
စာရင်းသွင်းမှု တံဆိပ်များ၊ အီမိုဂျီ (သို့) ထုတ်လုပ်သူ၏ အကျိုးခံစားခွင့် ဖော်ပြချက်များ yt3.ggpht.com/xxxxx နှင့် စခြင်း ပုံ ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး ပုံလိပ်စာ မိတ္တူကူးရန် ကို နှိပ်ပါ။​

ချန်နယ် URL ကိုလည်း ထည့်သွင်းပါ-

www.youtube.com/channel/UCxxxxxxxxxxxxxxxxxxxxx

သို့မဟုတ်

www.youtube.com/user/xxxxxxxxx

​ချန်နယ်စာမျက်နှာ ပြီးနောက် သို့ သွားပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။​
ကစားကြစို့ www.youtube.com/playables/xxxxxxxxxxxxxx ဂိမ်းစာမျက်နှာ ပြီးနောက် သို့ သွားပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။​
ပလေးလစ် ဖော်ပြချက်များ www.youtube.com/playlist?list=xxxxxxxxxxxxxxxx ပလေးလစ်ခေါင်းစဉ် ပြီးနောက် ကို နှိပ်ပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။
ပလေးလစ်ပုံ https://i.ytimg.com/xxxxxxxxxx နှင့် စခြင်း ပုံ ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး ပုံလိပ်စာ မိတ္တူကူးရန် ကို နှိပ်ပါ။​

ပလေးလစ် URL ကိုလည်း ထည့်သွင်းပါ-

https://www.youtube.com/playlist?list=xxxxxxxxxxxxxxxxxxxx-xxxxxxxxxxxxxx

ပလေးလစ်ခေါင်းစဉ် ပြီးနောက် ကို နှိပ်ပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။
ပို့စ်များ https://www.youtube.com/post/xxxxxxxxxxxxxxxxxxx ပို့စ်ရှိ ပို့စ်တင်သော ရက်စွဲ (စာမျက်နှာ ပြန်လည်စတင်မည်) ပြီးနောက် ကို နှိပ်ပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။
ပရိုဖိုင်ပုံများ https://yt3.googleusercontent.com/xxxxxxxxxxxxxxxx ​ပရိုဖိုင်ပုံကို နှိပ်ပါ ပြီးနောက် လိပ်စာဘားတွင် ညာခလုတ်ကို နှိပ်ပြီး ပြီးနောက် မိတ္တူကူးရန် ကို နှိပ်ပါ။

ပရိုဖိုင်ပုံများ ကို အမြန်ဖယ်ရှားရန်အတွက် ပရိုဖိုင်ပုံများဆိုင်ရာ မူပိုင်ခွင့်ကြောင့် ဖယ်ရှားရန်တောင်းဆိုချက်များကို Google ၏ ဖောင် မှတစ်ဆင့် ပို့နိုင်သည်။

Shorts https://www.youtube.com/shorts/xxxxxxxxxxxxxxxx Short ဗီဒီယိုသို့ သွားပါ ပြီးနောက် လိပ်စာဘားတွင် ညာဘက်ခလုတ်ကို နှိပ်ပြီး ပြီးနောက် မိတ္တူကူးရန် ကို နှိပ်ပါ။
စူပါစတစ်ကာများ lh3.googleusercontent.com/xxxxx နှင့် စခြင်း တိုက်ရိုက်ချတ်ရှိ ဒေါ်လာသင်္ကေတ ကို နှိပ်ပါ ပြီးနောက် စူပါစတစ်ကာ ပြီးနောက် ပုံတွင် ညာခလုတ်ကို နှိပ်ပြီး ပြီးနောက် ပုံလိပ်စာကို မိတ္တူကူးရန် ကို နှိပ်ပါ။

ချန်နယ် URL ကိုလည်း ထည့်သွင်းပါ-

www.youtube.com/channel/UCxxxxxxxxxxxxxxxxxxxxx

သို့မဟုတ်

www.youtube.com/user/xxxxxxxxx

ချန်နယ်စာမျက်နှာသို့ သွားပါ ပြီးနောက် လိပ်စာဘားတွင် ညာခလုတ်ကို နှိပ်ပြီး ပြီးနောက် မိတ္တူကူးရန် ကို နှိပ်ပါ။
ဗီဒီယိုများ www.youtube.com/watch?v=xxxxxxxxxxx ဗီဒီယိုစာမျက်နှာ ပြီးနောက် သို့ သွားပါ။ လိပ်စာဘား ပြီးနောက် တွင် ညာခလုတ်ကို နှိပ်ပြီး မိတ္တူကူးရန် ကို နှိပ်ပါ။​
၄။ ဥပဒေရေးရာ ကြေညာချက်များ

ဥပဒေအရ လိုအပ်သော အောက်ပါကြေညာချက် ၂ ခုကို သဘောတူပြီး ထည့်သွင်းရမည်-

  • “ကျွန်ုပ်၏ လိပ်စာတည်ရှိရာ ဒိစတြိတ်အတွက် ဖက်ဒရယ် ဒိစတြိတ် တရားရုံး၏တရားစီရင်ပိုင်ခွင့် သို့မဟုတ် ကျွန်ုပ်၏လိပ်စာသည် အမေရိကန်ပြည်ထောင်စု၏ ပြင်ပတွင်တည်ရှိပါက YouTube တည်ရှိရာဒေသရှိ ဒိစတြိတ်တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို သဘောတူပြီး အရေးဆိုသူက အမှုအတွက် ဆင့်စာပေးပို့ခြင်းကို လက်ခံပါမည်။”
  • “လွဲမှားသတ်မှတ်မိခြင်းကြောင့် သို့မဟုတ် မှားယွင်းမှုကြောင့် အကြောင်းအရာကို ဖယ်ရှားခဲ့ခြင်း သို့မဟုတ် ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သဘောရိုးဖြင့် ယုံကြည်ပါကြောင်း မုသားသက်သေခံခြင်း၏ ပြစ်ဒဏ်များကို သိရှိလျက် ကျွန်ုပ်က ကျမ်းကျိန်ဆိုပါသည်။”
၅။ သင့်လက်မှတ်

ပြီးပြည့်စုံပြီး အကျုံးဝင်သော မူပိုင်ခွင့် တန်ပြန်အကြောင်းကြားချက်များတွင် အပ်လုဒ်လုပ်သူ သို့မဟုတ် ခွင့်ပြုထားသည့်ကိုယ်စားလှယ်၏ လက်ရေးဖြင့်ထိုးသော လက်မှတ် သို့မဟုတ် အီလက်ထရောနစ် လက်မှတ်လိုအပ်သည်။

ဤလိုအပ်ချက် ပြည့်မီရန် အပ်လုဒ်လုပ်သူ သို့မဟုတ် ခွင့်ပြုထားသည့် ကိုယ်စားလှယ်သည် တန်ပြန်အကြောင်းကြားချက်၏ အောက်ခြေတွင် သူ၏ တရားဝင်အမည်အပြည့်အစုံကို လက်မှတ်အဖြစ် ထည့်သွင်းရမည်။ တရားဝင်အမည်အပြည့်အစုံသည် ကုမ္ပဏီအမည်မဟုတ်သည့် ရှေ့အမည်နှင့် နောက်အမည်ဖြစ်သင့်သည်။

မကြာခဏမေးတတ်သော မေးခွန်းများ (FAQs)

တန်ပြန်အကြောင်းကြားချက်ပို့ပြီးနောက် ဘာဖြစ်မလဲ
သင်၏တန်ပြန်အကြောင်းကြားချက်သည် ခိုင်လုံပြီး အရေးဆိုသူထံ ထပ်ဆင့်ပို့ထားပါက သင့်ချန်နယ်မှ ဆက်စပ်မူပိုင်ခွင့်ချိုးဖောက်မှု သတိပေးချက်ကို ဖယ်ရှားပေးနိုင်သည်။ လိုအပ်ချက် အားလုံးနှင့် မကိုက်ညီသည့် တန်ပြန်အကြောင်းကြားချက်များကို ပယ်ချနိုင်သည်။
မူပိုင်ခွင့် ဥပဒေတွင် သတ်မှတ်ထားသည့်အတိုင်း တန်ပြန်အကြောင်းကြားချက်ကို ပြန်ကြားရန် အရေးဆိုသူသည် ယူအက်စ် ရုံးဖွင့်ရက် ၁၀ ရက် အချိန်ရသည်။ သင့်အကြောင်းအရာကို YouTube တွင် ပြန်မတင်နိုင်ရန် တားမြစ်ထားသည့် တရားဥပဒေကြောင်းအရ စွဲဆိုခြင်းအထောက်အထား ဖြင့် ပြန်ကြားရပါမည်။
အရေးဆိုသူက ၁၀ ရက်အတွင်း ဤကဲ့သို့ မလုပ်ပါက (အကြောင်းအရာကို သင်မဖျက်ရသေးလျှင်) သင်၏ အကြောင်းအရာကို YouTube တွင် ပြန်တင်ပေးပါမည်။
ပို့ထားသည့် တန်ပြန်အကြောင်းကြားချက်၏ အခြေအနေကို ဘယ်လိုကြည့်ရမလဲ

သင်၏ YouTube Studio ဒက်ရှ်ဘုတ် တွင် တန်ပြန်အကြောင်းကြားချက်၏ အခြေအနေကို ကြည့်နိုင်သည် သို့မဟုတ် ထိုအချက်များအတိုင်း လုပ်ဆောင်ပါ-

  1. YouTube Studio သို့ လက်မှတ်ထိုးဝင်ပါ။
  2. ဘယ်ဘက်မီနူးမှ အကြောင်းအရာ ကို ရွေးပါ။
  3. ဖီလ်တာဘား ပြီးနောက် မူပိုင်ခွင့် ကို နှိပ်ပါ။
  4. အဆိုပါဗီဒီယိုကို ရှာပါ။
  5. ကန့်သတ်ချက်များ ကော်လံတွင် မူပိုင်ခွင့် ပေါ် မောက်စ်တင်ပါ။
  6. အသေးစိတ်ကြည့်ရန် ကို နှိပ်ပါ။
  7. တန်ပြန်အကြောင်းကြားချက်၏ အခြေအနေကို သိရှိရန် သုံးထားသည့် အကြောင်းအရာ အပိုင်းအောက်တွင် ကြည့်ပါ။
ပို့ထားသည့် တန်ပြန်အကြောင်းကြားချက်ကို ပယ်ဖျက်နိုင်သလား
တန်ပြန်အကြောင်းကြားချက်ကို ပယ်ဖျက်လိုပါက အရေးဆိုသူက ထိုတန်ပြန်အကြောင်းကြားချက်ကို အကြောင်းမပြန်သေးသရွေ့ ပယ်ဖျက်နိုင်ပါသည်။
ပယ်ဖျက်ရန် YouTube ၏အတည်ပြုအီးမေးလ် (တန်ပြန်အကြောင်းကြားချက်ကို ရရှိကြောင်း အတည်ပြုသည့် အီးမေးလ်) သို့ တိုက်ရိုက် စာပြန်ပါ။ ပြန်စာတွင် တန်ပြန်အကြောင်းကြားချက်ကို ပြန်ရုပ်သိမ်းလိုကြောင်း ရှင်းပြပါ။ ထိုအချက်အလက်များထည့်သွင်း၍ copyright@youtube.com သို့လည်း အီးမေးလ်ပို့နိုင်ပါသည်။
ကျွန်ုပ်၏ တန်ပြန်အကြောင်းကြားချက်ကို ငြင်းပယ်ခံရပါက ဘာဖြစ်မလဲ
သင်၏ တန်ပြန်အကြောင်းကြားချက်တွင် လိုအပ်သော အချက်အလက်များ မပါရှိပါက ငြင်းပယ်ခံရနိုင်သည်။ သင်၏ YouTube ချန်နယ်နှင့် ဆက်နွှယ်သော အီးမေးလ်လိပ်စာထံသို့ အီးမေးလ်ဖြင့် အကြောင်းကြားပါမည်။ အီးမေးလ်တွင် ငြင်းပယ်ရသည့် အကြောင်းရင်း၏ နောက်ထပ်အသေးစိတ် ပါဝင်မည်။
လာမည့်အဆင့်တွင် သင်လုပ်နိုင်သည့်အရာ-
  • သင့်အကြောင်းအရာကို မူပိုင်ခွင့်ရှိ အကြောင်းအရာအဖြစ် မှားယွင်းမှုကြောင့် သို့မဟုတ် လွဲမှားစွာ သတ်မှတ်မိခြင်းကြောင့် ဖယ်ရှားခဲ့ခြင်း ဟုတ်မဟုတ် ပြန်လည်သုံးသပ်ပါ။ ၎င်းတို့ကြောင့် မဟုတ်ပါက မူပိုင်ခွင့်ချိုးဖောက်မှု သတိပေးချက်ကို ဖြေရှင်း ရန် အခြားရွေးချယ်စရာများကို ကြည့်နိုင်သည်။
  • ဥပဒေအရ လိုအပ်သော အချက်အလက်အားလုံးပါဝင်သည့် တန်ပြန်အကြောင်းကြားချက်အသစ်ကို ပို့နိုင်သည်။
ဗီဒီယိုအများအပြားအတွက် တန်ပြန်အကြောင်းကြားချက် ၁ ခု ပို့နိုင်ပါသလား
ပို့နိုင်သည်။ ဗီဒီယိုများသည် တူညီသော မူပိုင်ခွင့်ချိုးဖောက်မှု သတိပေးချက်တွင် ပါဝင်ပတ်သက်ပြီး ၎င်းတို့ကို မှားယွင်းစွာ ဖယ်ရှားခံလိုက်ရသည်ဟု ယူဆပါက ဗီဒီယိုအားလုံးအတွက် တန်ပြန်အကြောင်းကြားချက် ၁ ခု ပို့နိုင်သည်။
ကျွန်ုပ်၏ ချန်နယ်ကို ရပ်စဲလိုက်ပါက တန်ပြန်အကြောင်းကြားချက် ပို့နိုင်ပါသလား
တင်သွင်းနိုင်ပါသည်။ တန်ပြန်အကြောင်းကြားချက်ကို YouTube Studio မှတစ်ဆင့်ဖြစ်စေ၊ အီးမေးလ်၊ ဖက်စ် သို့မဟုတ် စာတိုက် မှတစ်ဆင့်ဖြစ်စေ တင်သွင်းနိုင်သည်။
EU DSA Article 86 သတ်မှတ်အဖွဲ့အစည်းအနေဖြင့် တန်ပြန်အကြောင်းကြားချက်ကို ဘယ်လိုတင်သွင်းရမလဲ

EU DSA Article 86 သတ်မှတ်အဖွဲ့အစည်းမှ တန်ပြန်အကြောင်းကြားချက်များကို အီးမေးလ်၊ ဖက်စ် သို့မဟုတ် စာတိုက် မှတစ်ဆင့် ပေးပို့ရမည်။

နောက်ထပ်သတ်မှတ်ချက်များ-

  1. EU DSA Article 86 သတ်မှတ်အဖွဲ့အစည်းနှင့် ဆက်စပ်သော အီးမေးလ်ဒိုမိန်းကို သုံးရန်။
  2. အကြောင်းအရာပိုင်ရှင်၏ အဓိကနေထိုင်သည့်နိုင်ငံကို ဖော်ပြရန်။
  3. “ကျွန်ုပ်သည် ‘ဥရောပသမဂ္ဂ’ ရှိ YouTube အသုံးပြုသူကိုယ်စား ဤအယူခံကို တင်သွင်းပါသည်။ ကျွန်ုပ်သည် ‘ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ အက်ဥပဒေစည်းမျဉ်း ၂၀၂၂ (အီးယူ) ၂၀၂၂/၂၀၆၅’ က ပေးအပ်ထားသော မူပိုင်ခွင့်များကို ကျင့်သုံးခွင့်ရှိသည့် အဖွဲ့အစည်းကိုကိုယ်စားပြုပါသည်” ဟူသော စကားရပ်ကို ထည့်သွင်းရန်။

ဤအရာက အကူအညီရပါသလား။

ကျွန်ုပ်တို့မည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်မလဲ?

နောက်ထပ် အကူအညီလိုပါသလား။

နောက်အဆင့်များကို စမ်းကြည့်ပါ-

ရှာဖွေခြင်း
ရှာဖွေမှု ရှင်းရန်
ရှာဖွေခြင်းကို ပိတ်ရန်
ပင်မမီနူး
4638697784328445786
true
Search ကူညီရေးဌာန
false
true
true
true
true
true
59
false
false
false
false
false