လက်နက်မူဝါဒ

လက်နက်ရောင်းရန်၊ သေနတ်များ၊ ကျည်များနှင့် အချို့သော ဆက်စပ်ပစ္စည်းများ ပြုလုပ်နည်း သို့မဟုတ် အဆိုပါ ဆက်စပ်ပစ္စည်းများ တပ်ဆင်နည်းကို ကြည့်ရှုသူများအား သင်ပေးသည့် အကြောင်းအရာများကို YouTube တွင် ခွင့်မပြုပါ။ လက်နက် (သို့) အောက်တွင်ဖော်ပြထားသည့် ဆက်စပ်ပစ္စည်းများ ရောင်းရန် ပလက်ဖောင်းအဖြစ် YouTube ကို မသုံးသင့်ပါ။ တစ်စုံတစ်ယောက် လက်နက်ကိုင်နေစဉ်၊ သုံးနေစဉ် (သို့) သယ်ယူပို့ဆောင်နေစဉ် ပြသည့် တိုက်ရိုက်ထုတ်လွှင့်မှုများ ကို YouTube တွင် ခွင့်မပြုပါ။

တစ်ခါတစ်ရံ အကြောင်းအရာသည် ကျွန်ုပ်တို့၏မူဝါဒများကို မချိုးဖောက်သော်လည်း အသက်၁၈ နှစ်အောက် ကြည့်ရှုသူများအတွက် မသင့်တော်ပါ။ အောက်တွင် ဖော်ပြထားသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သုံးစွဲမှုကို ပြသောအကြောင်းအရာကို YouTube တွင် အသက်ကန့်သတ်ထားသည်။ (မှတ်ချက်- ဤကန့်သတ်ချက်သည် လက်နက်အစစ်သုံးခြင်းနှင့်သာ သက်ဆိုင်သည်။ အသေးစိတ်များကို အောက်တွင်ကြည့်ပါ။) အချို့သောကိစ္စများတွင် အများပြည်သူ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အကြောင်းအရာအပါအဝင် ပညာရေး၊ မှတ်တမ်း၊ သိပ္ပံ (သို့) အနုပညာဆိုင်ရာ နောက်ခံ အကြောင်းအရာကို ခြွင်းချက်ထားပေးနိုင်ပါသည်။

ယင်းက သင့်အတွက် ဘာကို ဆိုလိုသလဲ

အကြောင်းအရာကို တင်လျှင်

အောက်ပါ ရည်ရွယ်ချက်တစ်ခု (သို့) တစ်ခုထက်ပိုသော ရည်ရွယ်ချက်များဖြင့် YouTube တွင် အကြောင်းအရာများကို မတင်ပါနှင့်-

  • တိုက်ရိုက်အရောင်းများမှတစ်ဆင့် လက်နက်များ (သို့) လက်နက်ဆက်စပ်ပစ္စည်းအချို့ ရောင်းခြင်း (ဥပမာ လူတစ်ဦးချင်းအလိုက် သီးသန့်ရောင်းချမှုများ) သို့မဟုတ် ထိုပစ္စည်းများရောင်းသည့် ဝဘ်ဆိုက်များသို့ လင့်ခ်များ။ ထိုဆက်စပ်ပစ္စည်းများတွင် အောက်ပါတို့ ပါဝင်နိုင်သည်-
    • လက်နက်ကို အလိုအလျောက် ကျည်ထွက်စေနိုင်သည့် ဆက်စပ်ပစ္စည်းများ၊
    • စက်သေနတ်ဒင်၊ စက်သေနတ်မောင်း၊ အသင့်တပ်ဆင်နိုင်သည့် အော်တိုဆီရာ (သို့) ပုံပြောင်းကိုယ်ထည်ခွံကဲ့သို့ သေနတ်တစ်လက်ကို အလိုအလျောက်ပစ် သေနတ်အဖြစ် ပြောင်းပေးသည့် ဆက်စပ်ပစ္စည်းများ၊
    • ကျည်အတောင့် ၃၀ ကျော်ဆံ့သော စွမ်းဆောင်ရည်မြင့်မားသည့် ကျည်ကပ် (သို့) ခါးပတ်များ။
  • အောက်ပါတို့အနက်မှ တစ်ခုခု ထုတ်လုပ်ခြင်းအတွက် လမ်းညွှန်ပေးခြင်း-
    • လက်နက်များ၊
    • ခဲယမ်းမီးကျောက်၊
    • စွမ်းဆောင်ရည်မြင့်မားသည့် ကျည်ကပ်များ၊
    • အိမ်လုပ် အသံတိတ်ကိရိယာများ၊
    • လက်နက်ကို အလိုအလျောက် ကျည်ထွက်စေနိုင်သည့် ဆက်စပ်ပစ္စည်းများ၊
    • စက်သေနတ်ဒင်၊ စက်သေနတ်မောင်း၊ အသင့်တပ်ဆင်နိုင်သည့် အော်တိုဆီရာ (သို့) ပုံပြောင်းကိုယ်ထည်ခွံကဲ့သို့ သေနတ်တစ်လက်ကို အလိုအလျောက်ပစ် သေနတ်အဖြစ် ပြောင်းပေးသည့် ဆက်စပ်ပစ္စည်းများ။
  • လက်နက်ကို အလိုအလျောက်ပြောင်းနည်း (သို့) အလိုအလျောက်ပစ်ခတ်မှု စွမ်းရည်များ လှုံ့ဆော်နည်း လမ်းညွှန်မှုများ ပေးခြင်း။
  • အထက်ဖော်ပြပါ ဆက်စပ်ပစ္စည်းများ (သို့) ပြုပြင်ပြောင်းလဲမှုကို တပ်ဆင်နည်း လမ်းညွှန်မှုများ ပေးခြင်း။
  • ကျည်ကပ်ထုတ်လွှတ်မှု ကန့်သတ်သည့် ကိရိယာကဲ့သို့ လက်နက်လုံခြုံရေးပစ္စည်းအချို့ ဖယ်ရှားနည်း လမ်းညွှန်မှုများ ပေးခြင်း။ ၎င်းတွင် သေနတ်လော့ခ်ကဲ့သို့ လက်နက်ကို ယာယီပိတ်ထားရန် သုံးသည့် ကိရိယာ ဖယ်ရှားခြင်း မပါဝင် ပါ။

ဤစာရင်းသည် ပြီးပြည့်စုံသည့် စာရင်းမဟုတ်ကြောင်း သတိပြုပါ။

အသက်-ကန့်သတ် အကြောင်းအရာ

တစ်ခါတစ်ရံ အကြောင်းအရာသည် ကျွန်ုပ်တို့၏မူဝါဒများကို မချိုးဖောက်သော်လည်း အသက်၁၈ နှစ်အောက် ကြည့်ရှုသူများအတွက် မသင့်တော်ပါ။

  • အိမ်လုပ်လက်နက်သုံးနည်းကို ပြသော အကြောင်းအရာ (ဥပမာ 3D ပရင့်သေနတ်)၊ အလိုအလျောက်လက်နက် (သို့) အောက်ပါ ဆက်စပ်ပစ္စည်း တစ်ခုခု-
    • လက်နက်ကို အလိုအလျောက် ကျည်ထွက်စေနိုင်သည့် ဆက်စပ်ပစ္စည်းများ
    • စက်သေနတ်ဒင်၊ စက်သေနတ်မောင်း၊ အသင့်တပ်ဆင်နိုင်သည့် အော်တိုဆီရာ (သို့) ပုံပြောင်းကိုယ်ထည်ခွံကဲ့သို့ သေနတ်တစ်လက်ကို အလိုအလျောက်ပစ် သေနတ်အဖြစ် ပြောင်းပေးသည့် ဆက်စပ်ပစ္စည်းများ
    • စွမ်းဆောင်ရည်မြင့်မားသည့် ကျည်ကပ်
    • အိမ်လုပ် အသံတိတ်ကိရိယာများ
  • ဥပမာများ (အပြည့်အစုံ မဟုတ်ပါ)-
    • 3D ပရင့်သေနတ် ပစ်ခတ်ခြင်း
    • အလိုအလျောက်ပစ် မောင်းပြန်ရိုင်ဖယ် ပစ်ခတ်ခြင်း
    • စွမ်းဆောင်ရည်မြင့်မားသည့် ကျည်ကပ်သုံးပြီး သေနတ်ပစ်ခြင်း

ဤလမ်းညွှန်ချက်များသည် လက်နက်အစစ် သုံးခြင်းအတွက် ဖြစ်ပြီး ဥပမာ ရုပ်ရှင်ကဲ့သို့ အနုပညာဆိုင်ရာ အကြောင်းအရာတွင် လက်နက်သုံးခြင်းနှင့် မသက်ဆိုင်ပါ။

ပညာရေး၊ မှတ်တမ်း၊ သိပ္ပံ (သို့) အနုပညာဆိုင်ရာ အကြောင်းအရာ

တစ်ခါတစ်ရံတွင် ဤမူဝါဒကို ချိုးဖောက်သော အကြောင်းအရာတွင် ပညာပေး၊ မှတ်တမ်းတင်၊ သိပ္ပံပညာဆိုင်ရာ သို့မဟုတ် အနုပညာ (EDSA) အကြောင်းအရာနောက်ခံ ရှိသောအခါ YouTube တွင် ဆက်ထားနိုင်သည်။ ကွန်ဂရက် (သို့) ပါလီမန် လုပ်ငန်းစဉ်များ၊ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းများ၊ လက်ရှိအစိုးရလုပ်ဆောင်ချက်များအပေါ် အငြင်းအခုန်များ၊ စစ်တပ် သို့မဟုတ် ရဲဗီဒီယိုရိုက်ကူးချက်၊ သတင်းဗီဒီယိုရိုက်ကူးချက် (သို့) စစ်မြေပြင်မှ ဗီဒီယိုရိုက်ကူးချက်ကဲ့သို့ အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် အကြောင်းအရာအတွက်လည်း ခြွင်းချက်ရှိနိုင်သည်။ ဤသည်မှာ လက်နက်ရောင်းရန်၊ သေနတ်များ၊ ကျည်များနှင့် အချို့သော ဆက်စပ်ပစ္စည်းများ ပြုလုပ်နည်း (သို့) မွမ်းမံနည်း သို့မဟုတ် အဆိုပါ ဆက်စပ်ပစ္စည်းများ တပ်ဆင်နည်းကို ကြည့်ရှုသူများအား သင်ပေးသည့် အကြောင်းအရာကို ကြော်ငြာရန် ခွင့်ပြုချက်မဟုတ်ပါ။

ဥပမာများ

YouTube တွင် ခွင့်မပြုသော အကြောင်းအရာ ဥပမာအချို့ကို အောက်တွင် ဖော်ပြထားသည်။

  • သင့်ဗီဒီယိုခေါင်းစဉ် သို့မဟုတ် အကြောင်းအရာတွင် အထက်တွင် ဖော်ပြထားသော လက်နက် (သို့) ဆက်စပ်ပစ္စည်းများရောင်းသည့် ဝဘ်ဆိုက်များသို့ လင့်ခ်။ အဆိုပါပစ္စည်းများကို တိုက်ရိုက်မရောင်း၊ လက်ဆောင်မပေးသရွေ့ ထိုပစ္စည်းများအကြောင်း ဆွေးနွေးသည့် (သို့) သုံးသပ်ပြသည့် ဝဘ်ဆိုက်များသို့ လင့်ခ်ချိတ်နိုင်သည်။
  • သီးသန့်အရောင်းမှတစ်ဆင့် လက်နက်ရောင်းရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုပြခြင်း။ ၎င်းတွင် ရောင်းသူ၏ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ (သို့) အခြား ဆက်သွယ်ရန်အချက်အလက် ပေးခြင်း ပါဝင်သည်။
  • YouTube အသုံးပြုသူများကို လက်နက်ထုတ်လုပ်ရန် အောက်ပိုင်းကိုယ်ထည်ကို အပြီးသတ် တပ်ဆင်နည်းအကြောင်း တစ်ဆင့်ချင်း ညွှန်ကြားချက်များ ပြခြင်း။
  • YouTube အသုံးပြုသူများကို ဖလက်ရှ်မီး၊ ဆီကန်၊ ပျော်ရည်ဖမ်းယူမှု (သို့) အခြား အစိတ်အပိုင်းများမှနေ၍ အသံတိတ်ပြုလုပ်နည်းအကြောင်း ပြခြင်း။
  • YouTube အသုံးပြုသူများကို အလိုအလျောက်ပစ်နိုင်ရန် စက်သေနတ်ဒင် တပ်ဆင်နည်း (သို့) အလားတူ ဆက်စပ်ပစ္စည်း တပ်ဆင်နည်းအကြောင်း ပြခြင်း။
  • ပစ်သည်ဖြစ်စေ၊ မပစ်သည်ဖြစ်စေ လူတစ်ယောက် လက်နက်ကိုင်ထားခြင်းကို အသားပေးဖော်ပြသည့် တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်- ဗီဒီယိုဂိမ်းထဲရှိ လက်နက်များ မပါဝင်ပါ။
  • ကား၊ ကုန်ကား (သို့) အခြားယာဉ်ဖြင့် လက်နက်ကိုသယ်ခြင်း သို့မဟုတ် ခရီးသွားခြင်းကဲ့သို့လက်နက်သယ်ယူပို့ဆောင်နေသူကို အသားပေးဖော်ပြသည့် တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်- ဗီဒီယိုဂိမ်းထဲရှိ လက်နက်များ မပါဝင်ပါ။

၎င်းတို့သည် နမူနာမျှသာဖြစ်၍ အကြောင်းအရာသည် ဤမူဝါဒကို ချိုးဖောက်နိုင်သည်ဟု ယူဆပါက ပို့စ်မတင်ပါနှင့်။

အကြောင်းအရာက ဤမူဝါဒကို ချိုးဖောက်လျှင် ဘာဖြစ်မလဲ

အကြောင်းအရာက ဤမူဝါဒကို ချိုးဖောက်လျှင် အကြောင်းအရာကို ဖယ်ရှားပြီး သင့်ကို အသိပေးရန် အီးမေးလ်ပို့ပါမည်။ သင်ပို့စ်တင်သောလင့်ခ်က လုံခြုံကြောင်း ကျွန်ုပ်တို့အတည်မပြုနိုင်လျှင် လင့်ခ်ကို ဖယ်ရှားနိုင်သည်။ ဗီဒီယို (သို့) ဗီဒီယို၏ မက်တာဒေတာအတွင်း ပို့စ်တင်သော ချိုးဖောက်သည့် URL များကြောင့် ဗီဒီယိုဖယ်ရှားခံရနိုင်သည်ကို သတိပြုပါ။

‘ကွန်မြူနတီလမ်းညွှန်ချက်များ’ ကို ပထမဆုံးအကြိမ် ချိုးဖောက်မှုဖြစ်လျှင် သင့်ချန်နယ်ကို ပြစ်ဒဏ်မပေးဘဲ သတိပေးချက် ရနိုင်သည်။ ရက် ၉၀ ကြာပြီးနောက် သတိပေးချက် ပျောက်သွားစေရန် မူဝါဒသင်တန်း တက်နိုင်သည်။ သင်တန်း ပြီးမြောက်ချိန်မှစ၍ ရက် ၉၀ ကာလ စတင်သည်။ သတိပေးချက် ထုတ်သည့်အချိန်တွင် မစတင်ပါ။ သို့သော် အဆိုပါမူဝါဒကိုပင် ရက် ၉၀ အတွင်း ချိုးဖောက်ပါက သတိပေးချက် ပျောက်မသွားနိုင်ဘဲ ချန်နယ်ကို စာရင်းပယ်ရန် သတိပေးချက် ပေးနိုင်သည်။ သင်တန်းပြီးနောက် အခြားမူဝါဒကို ချိုးဖောက်ပါက သတိပေးချက်နောက်တစ်ခု ရရှိမည်။

ရက် ၉၀ အတွင်း စာရင်းပယ်ရန် သတိပေးချက် ၃ ခု ရရှိလျှင် သင့်ချန်နယ်ကို ရပ်စဲနိုင်သည်။ စာရင်းပယ်ရန် သတိပေးချက်စနစ် အကြောင်း ပိုမိုလေ့လာပါ။

‘ကွန်မြူနတီလမ်းညွှန်ချက်များ’ (သို့) ‘ဝန်ဆောင်မှုစည်းမျဉ်းများ’ ကို အကြိမ်ကြိမ် ချိုးဖောက်သည့်အတွက် သင့်ချန်နယ် (သို့) အကောင့်ကို ရပ်စဲပစ်နိုင်သည်။ ဆိုးရွားသော အလွဲသုံးစားပြုမှုတစ်ခု ဖြစ်ပွားပြီးနောက် သို့မဟုတ် ချန်နယ်ကို မူဝါဒချိုးဖောက်မှုအတွက် ရည်ရွယ်ထားလျှင်လည်း သင့်ချန်နယ် (သို့) အကောင့်ကို ရပ်စဲပစ်နိုင်သည်။ အကြိမ်ကြိမ် ချိုးဖောက်သူများကို နောင်တွင် မူဝါဒသင်တန်း မတက်ရောက်နိုင်အောင် ကျွန်ုပ်တို့ တားမြစ်နိုင်ပါသည်။ ချန်နယ် (သို့) အကောင့် ရပ်စဲခြင်း အကြောင်း ပိုမိုလေ့လာပါ။

ဤမူဝါဒကို ချိုးဖောက်သည့် အကြောင်းအရာကို တွေ့ရှိပါက တိုင်ကြားပါ။ ကျွန်ုပ်တို့၏ ‘ကွန်မြူနတီ လမ်းညွှန်ချက်များ’ ကို ချိုးဖောက်မှုများအား တိုင်ကြားရန် ညွှန်ကြားချက်များကို ဤနေရာတွင် ရရှိနိုင်သည်။ သင်တိုင်ကြားလိုသော ဗီဒီယို (သို့) မှတ်ချက်အချို့ တွေ့ပါက ထိုချန်နယ်ကို တိုင်ကြား နိုင်သည်။

ဤအရာက အကူအညီရပါသလား။

ကျွန်ုပ်တို့မည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်မလဲ?

နောက်ထပ် အကူအညီလိုပါသလား။

နောက်အဆင့်များကို စမ်းကြည့်ပါ-

ရှာဖွေခြင်း
ရှာဖွေမှု ရှင်းရန်
ရှာဖွေခြင်းကို ပိတ်ရန်
ပင်မမီနူး
14888947338038258165
true
Search ကူညီရေးဌာန
false
true
true
true
true
true
59
false
false
false
false
false