Shorts တည်းဖြတ်ခြင်း အကြုံပြုချက်များ။

YouTube Shorts သည် ကျွန်ုပ်တို့ကို Shorts ထုတ်လုပ်ရေးတူးလ်များအသုံးပြုစေပြီး အကြောင်းရာများကို ရိုက်ကူးတည်းဖြတ်ကာ ပြုလုပ်ခွင့်ပေးထားသည်။ သင် ရိုက်ကူးထားသော Short ဗီဒီယိုကို ရရှိနိုင်သည့် Short ထုတ်လုပ်ရေးတူးလ်များသုံးပြီး စူးစမ်းလေ့လာလိုက်ပါ။

YouTube Shorts

Shorts ထုတ်လုပ်ရေးတူးလ်များ။

အသံရွေးချယ်ရန် Sound ကိုနှိပ်ပါ။ သင်၏ ဗီဒီယိုထဲတွင် ထည့်လိုသည့် အပိုင်းကိုရွေးပါ။ Shorts editor တွင် အသံအတိုးအလျှော့လုပ်လိုပါက Volume ကိုနှိပ်ပါ။ လိုချင်သည့် အသံအနေထားရောက်သည်အထိ lever ကို ဆွဲပြီးချိန်ညှိပါ။ အော်ဒီယိုကို ကြားသည်နှင့် ၎င်းကို Short ဗီဒီယိုတွင် သုံးနိုင်သည်။ (သို့) နောက်မှသုံးရန် Favorites တဘ်တွင် သိမ်းထားနိုင်သည်။

tips

Shorts ပြုလုပ်ရာတွင် Shorts အော်ဒီယို တဘ် ကို သုံးပါ။ Short ၏ တေးသွားအသွင်အပြင်ကို သတ်မှတ်ပါ။ မြူးကြွသည့် အော်ဒီယိုနှင့် အက ဗီဒီယို ပြုလုပ်ပြီး သင့်ပရိသတ်များ ပါဝင်လာအောင်လှုံ့ဆောင်ပါ။ (သို့) တစ်မိနစ် အာရုံစူးစိုက်သည့် ဗီဒီယိုကိုရိုက်ကူးပြီး ကြည့်ရှုသူများကို စိတ်ချမ်းသာမှု ခံစားစေလိုလျှင် အေးချမ်းစေသော အသံကိုရွေးပါ။ အသံထည့်သွင်းခြင်းအကြောင်း ဤနေရာတွင် ပိုမိုလေ့လာပါ။

သင့် ဗီဒီယိုတွင် မျက်နှာပြင်စာသားထည့်ရန် စာသား ကိုနှိပ်ပါ။ ပရိသတ်နှင့် အပြန်အလှန်ပြောဆိုရန် စာသားကိုသုံးနိုင်သည်။ ၎င်းသည် ကြည့်ရှုသူများကို လမ်းညွှန်ပေးပြီး မြန်ဆန်သော တည်းဖြတ်စနစ်နှင့် ရှင်းလင်းသော ဆက်စပ်အကြောင်းရာများမှတစ်ဆင့် ချိတ်ဆက်နေနိုင်ရန် အထောက်ကူပေးသည်။

tips

စာသားကိုအသုံးပြုပြီး ကြည့်ရှုသူများ ပါဝင်လာအောင် လှုံ့ဆော်ပါ၊ ဟာသတစ်ခုကိုရှင်းပြပါ (သို့) မိမိကိုယ်တိုင် မိတ်ဆက်ပါ။ သင်သည် အဖြစ်အပျက်တစ်ခုကို recap လုပ်ပြီး ကင်မရာကို တိုက်ရိုက်ကြည့် ပြောသည့်အခါ စာသားထည့်သွင်းခြင်းက ကြည့်ရှုသူကို စကားလုံးတိုင်းနှင့် အတူလိုက်ပါစေပြီး အစမှ အဆုံးအထိ အခိုင်မာပါဝင်စေနိုင်ပါသည်။ ၎င်းသည် သင်၏ Shorts များကို ကြည့်ရှုသူများ ပိုဝင်ကြည့်စေရန် ပြုလုပ်ပေးပါသည်။ စာသားထည့်ခြင်းအကြောင်း ဤနေရာတွင် ပိုမိုလေ့လာပါ။

သင်၏ shorts တွင် အသံဖမ်းပြီး စာဖတ်ပြရန် ‘နောက်ခံစကားပြော’ ကိုနှိပ်ပါ။ ညွှန်မှတ်ကို နောက်ခံစကားပြောလိုသော နေရာတွင်ထားပြီး record ကိုတို့ပါ။

tips

နောက်ခံစကားပြောခြင်းသည် Shorts ထဲတွင် သင်၏ ထူးခြားသော ပင်ကိုအရည်အသွေးနှင့် ဟာသပေါင်းထည့်ရန် နည်းလမ်းတစ်ခုဖြစ်ပြီး ကြည့်ရှုသူများကို ထုတ်လုပ်သူအဖြင့် သင်နှင့် အချိတ်အဆက် မိစေပါသည်။ ပျော်ရွှင်ဖွယ် ဗီဒီယိုအပိုင်းတစ်ခုကိုမျှဝေလိုသော်လည်း ထပ်ဆောင်းအကြောင်းရာလိုနေသည်ဟု ထင်ပါသလား။ နောက်ခံစကားပြောထည့်ခြင်းက သင့်ပရိသတ်များ Short ဗီဒီယိုကို အပြည့်အဝခံစားစေရန် ညွှန်ကြားချက်များ၊ တုံ့ပြန်ချက်များ၊ ရယ်စရာမှတ်ချက်များပေးနိုင်သော အကောင်းဆုံးနည်းဖြစ်သည်။

သင့် Short ဗီဒီယိုထဲတွင် စာသားပြသလိုသည့်အခါ အချိန်မှတ်တမ်း ကိုသုံးပြီး တည်းဖြတ်ပါ။ ဤအင်္ဂါရပ်ကိုသုံးပြီး သင့်ဗီဒီယိုထဲတွင် မက်ဆေ့ဂျ်အမျိုးမျိုးကို မတူသောအချိန်များတွင်စတင်နိုင်သည်။ Short ဗီဒီယိုတွင် စာသားပြမည့်အချိန်ကို သတ်မှတ်ရန် စာသားဗီဒီယိုအပိုင်း၏ စမှတ်နှင့် ဆုံးမှတ်ကိုဖိဆွဲပါ။ ဤလုပ်ငန်းစဉ်ကို စာသားပျောက်မည့်အချိန် ရွေးချယ်ရာတွင်လည်း သုံးနိုင်သည်။ စာသား ဗီဒီယိုအပိုင်းများကို ပြန်စဉ်ရန် ၎င်းတို့ကို တို့ပြီး နှိပ်ပါ။ သင့်စာသားကို Short ဗီဒီယိုထဲတွင် ရှေ့နောက်အစဉ်အတိုင်း ထိန်းချုပ်ရန် ဗီဒီယိုအပိုင်းများကို အထက် အောက် ရွှေ့နိုင်သည်။

tips

Short ဗီဒီယိုကို မထုတ်ဝေခင် အချိန်မှတ်တမ်းကို သေချာသုံးသပ်ပြီး စာသားတိုင်းသည် သင်ထားချင်သော နေရာတွင်ရှိနေပါစေ။

ဖီလ်တာ ကို သင်၏ Short ဗီဒီယိုတွင် ပုံစံနှင့် ပင်ကိုယ်အရည်အသွေးထည့်ရန် (သို့) အလင်းမကောင်းသောနေရာများ ပြင်ဆင်ရန် နည်းလမ်းအဖြစ် သုံးသည်။ သင့်ဗီဒီယိုအပိုင်းတစ်ခုခု ထည့်လိုပါက ဖီလ်တာအမျိုးမျိုးကို အစီအစဉ်တကျ စီနိုင်သည်။

tips

ဖီလ်တာကို သင့် Short ဗီဒီယို လင်းစေရန် သို့မဟုတ် အရောင် အမှန်ပြင်ရန် သုံးသည်။ ခေတ်ဟောင်း အဖြူအမည်းပုံစံထည့်သွင်းထားသော ဖီလ်တာလည်း ရှိသည်။ Short ဗီဒီယို တည်းဖြတ်ခြင်း အဆင့်တွင် ရွေးချယ်သော ဖီလ်တာသည် ရိုက်ကူးစဉ်က အသုံးပြုထားသော ဖီလ်တာပေါ်ကို အလွှာထပ်သွားပါမည်။

သိထားသင့်သည်များ

  • သင်ရရှိနိုင်သော Shorts ထုတ်လုပ်ရေးတူးလ်များအားလုံးကို စူးစမ်းလေ့လာပါ။ ဖီလ်တာအမျိုးမျိုးကို စမ်းသပ်ပြီး နောက်ခံစကားပြော အသံဖမ်းခြင်းကို နားလည်သည်အထိ လေ့ကျင့်ပါ။ လုပ်လက်စအလုပ်ကို သိမ်းရန် Shorts ကင်မရာ၏ ဘယ်ဘက်အပေါ်ရှိ X ကို နှိပ်ပါ။ သိမ်းရန်နှင့် ထွက်ရန် ကို တို့ပါ။
  • တည်းဖြတ်ခြင်းတူးလ်များ သည် အလန်းစား Shorts များ ဖန်တီးရန်ကူညီသည်။ သင့်ဇာတ်လမ်းကို တည်းဖြတ်ခြင်းပုံစံနှင့် အသံအနေထားက လမ်းညွှန်ကူညီပေးသည်။ သင့် ဖန်တီးနိုင်စွမ်း ကို သိမြင်စေရန် တူးလ်များကို သုံးပါ။
  • ဖန်တီးမှုအကြံပြုချက်များ ကို ပိုလေ့လာရန် YouTube ထုတ်လုပ်သူများ ချန်နယ်တွင် အခြား Shorts များကို လေ့လာကြည့်ပါ။

ဆက်လက်ပြီး- ကြည့်ရှုရန် YouTube မူဝါဒနှင့် စည်းမျဉ်းအကြံပြုချက်များ

ဤအရာက အကူအညီရပါသလား။

ကျွန်ုပ်တို့မည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်မလဲ?

နောက်ထပ် အကူအညီလိုပါသလား။

နောက်အဆင့်များကို စမ်းကြည့်ပါ-

true
ရှာဖွေခြင်း
ရှာဖွေမှု ရှင်းရန်
ရှာဖွေခြင်းကို ပိတ်ရန်
ပင်မမီနူး
11345067916421413114
true
Search ကူညီရေးဌာန
false
true
true
true
true
true
59
false
false
false
false
false