ဝဘ်ကမ်သည် တိုက်ရိုက်ထုတ်လွှင့်ခြင်းဆိုင်ရာ ကုဒ်ပြောင်းဆော့ဖ်ဝဲ မလိုဘဲ သင့်ကွန်ပျူတာဖြင့် တိုက်ရိုက်ထုတ်လွှင့်နိုင်သည့် လွယ်ကူသောနည်းဖြစ်သည်။
YouTube တွင် ဝဘ်ကမ် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်နည်း
- တိုက်ရိုက်ထုတ်လွှင့်ခြင်းအတွက် သင့်ချန်နယ်ကို ဖွင့်ထားကြောင်း သေချာပါစေ။ ဝဘ်ကမ် တိုက်ရိုက်လွှင့်ခြင်းကို Chrome 60+ နှင့် Firefox 53+ တို့နှင့် တွဲဖက်အသုံးပြုနိုင်သည်။
- YouTube သို့ လက်မှတ်ထိုးဝင်ပါ။
- အပေါ်ညာဘက်ခြမ်းရှိ ထုတ်လွှင့်ရန်
တိုက်ရိုက် ကို နှိပ်ပါ။
- ဘယ်ဘက်ရှိ ဝဘ်ကမ်
ကို ရွေးပါ။
- ခေါင်းစဉ် နှင့် ဖော်ပြချက် ကိုထည့်ပြီး ကိုယ်ရေးအချက်အလက်လုံခြုံမှု ဆက်တင်များ ကို ရွေးပါ။ သင့်တိုက်ရိုက်ထုတ်လွှင့်မှုကို နောက်မှလွှင့်ရန် ကြိုတင်အချိန်စီစဉ်ထားနိုင်သည်။
- အသက် ၁၃ နှစ်မှ ၁၇ နှစ်အရွယ် YouTube အသုံးပြုသူများအတွက် မူလ ကိုယ်ရေးအချက်အလက်လုံခြုံမှု ဆက်တင်များကို သီးသန့် အဖြစ် သတ်မှတ်သည်။ အသက် ၁၈ နှစ်နှင့်အထက်ဖြစ်လျှင် မူလ ကိုယ်ရေးအချက်အလက်လုံခြုံမှု ဆက်တင်များကို အများ အဖြစ် သတ်မှတ်သည်။ ထုတ်လွှင့်သူအားလုံးသည် ၎င်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အများ၊ သီးသန့် (သို့) စာရင်းသွင်းမထား ဟု သတ်မှတ်ရန် ဤဆက်တင်ကို ပြောင်းလဲနိုင်သည်။
- အခြားဆက်တင်များအတွက် အခြားရွေးချယ်စရာများ
အဆင့်မြင့်ဆက်တင်များ ကိုနှိပ်ပါ။
- ရှေ့သို့ ကိုနှိပ်ပါ။ ထို့နောက် ကင်မရာက ပုံသေးရိုက်ယူမည်။
- မှန်ကန်သည့် ဝဘ်ကမ်နှင့် မိုက်ခရိုဖုန်းကို ရွေးထားကြောင်း သေချာပါစေ။
- တိုက်ရိုက်လွှင့်ရန် ကိုနှိပ်ပါ။
- တဂ်ထည့်ခြင်း၊ ငွေရှာခြင်းနှင့် ချတ်ဆက်တင်များကို ပြောင်းလဲခြင်းကဲ့သို့ သင့်တိုက်ရိုက်ထုတ်လွှင့်မှုကို စီမံရန်အတွက် တည်းဖြတ်ရန် ကိုနှိပ်ပါ။ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤဆက်တင်များကို အချိန်မရွေးပြောင်းနိုင်သည်။
- တိုက်ရိုက်လွှင့်ခြင်းပြီးဆုံးလျှင် အောက်ခြေရှိ ထုတ်လွှင့်မှုရပ်ရန် ကိုနှိပ်ပါ။ ၁၂ နာရီအောက် ထုတ်လွှင့်မှုများကို အလိုအလျောက် မှတ်တမ်းသွင်းသွားမည်။ ယခင်၊ ယခုနှင့် နောင်လာမည့် ထုတ်လွှင့်မှုများကို တိုက်ရိုက် တဘ် တွင်ကြည့်ရှုနိုင်သည်။
တိုက်ရိုက်လွှင့်မှု ထိန်းချုပ်ခန်း အသုံးပြုခြင်း
တိုက်ရိုက်ထုတ်လွှင့်နေစဉ်တွင် ထုတ်လွှင့်မှုအတွက် လိုအပ်သည့် ပြကွက်ဧရိယာကို လျှော့ချရန် တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်း (တိုက်ရိုက်လွှင့်မှု ထိန်းချုပ်ခန်း) ၏ ကျစ်လျစ်သော ဗားရှင်းကို အသုံးပြုနိုင်သည်။ တိုက်ရိုက်လွှင့်မှု ထိန်းချုပ်ခန်းသည် ပိုမိုသေးငယ်သော ပြကွက်ဧရိယာတွင် ကြည့်ရှုမှုများနှင့် ချတ်မှ ရရှိငွေကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်းမှ အရေးကြီးအချက်အလက်ကို ပြသည်။
တိုက်ရိုက်လွှင့်မှု ထိန်းချုပ်ခန်း ဖွင့်ရန်-
- တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်းတွင် ထုတ်လွှင့်မှု ဒက်ရှ်ဘုတ်သို့သွားပါ။
- ဘယ်ဘက်အောက်ထောင့်ရှိ Popout ဒက်ရှ်ဘုတ်
ကိုနှိပ်ပါ။
တိုက်ရိုက်လွှင့်မှု ထိန်းချုပ်ခန်းကို ပိတ်ရန် ဝင်းဒိုးမှ ထွက်ပါ။
ဝဘ်ကမ်သုံး၍ တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်းတွင် ဖန်သားပြင် မျှဝေခြင်း
ယခုအခါ ဝဘ်ကမ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်းသုံး၍ တိုက်ရိုက်ထုတ်လွှင့်နေစဉ် သင့်ဖန်သားပြင်ကို မျှဝေနိုင်ပါပြီ။ ဝဘ်ကမ်သုံး၍ တိုက်ရိုက်လွှင့်ပြီးနောက်တွင်-
- အောက်ခြေအလယ်မှ မိုက်ခလုတ်ဘေးရှိ ဖန်သားပြင် မျှဝေရန်
ကိုနှိပ်ပါ။
- ဖန်သားပြင်တစ်ခုလုံး၊ ဝင်းဒိုး (သို့) တဘ် ကိုရွေးပါ။
- ဝဘ်ကမ်သုံး၍ရသည့် ဘရောင်ဇာတဘ်ကို ပြသလျှင် ယင်းဘရောင်ဇာ၏ အသံကို မူရင်းသတ်မှတ်ချက်အရ မျှဝေသည်။
- အခြားတဘ်ကို ပြသလိုပါက ပြလိုသည့် တဘ်ကိုရွေး၍ ဤတဘ်ကို မျှဝေရန် ကိုနှိပ်ပါ။
- မျှဝေရန် ကိုနှိပ်ပါ။
တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်းတွင် သင့်ဖန်သားပြင် မျှဝေခြင်းကို ရပ်ရန်-
- တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်းတွင် မျှဝေခြင်း ရပ်ရန် ကိုနှိပ်ပါ (သို့)
- ဘရောင်ဇာဝင်းဒိုးတဘ်တွင် မျှဝေခြင်း ရပ်ရန် ကိုနှိပ်ပါ
တိုက်ရိုက်ထုတ်လွှင့်မှုတွင် နမူနာထည့်သွင်းခြင်း
နမူနာပြသပြီး သင်၏စီစဉ်ထားသော တိုက်ရိုက်ထုတ်လွှင့်မှုအပေါ် သင့်ပရိသတ်၏ စိတ်လှုပ်ရှားမှု ရယူပါ။ တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီ ကြည့်ရှုစာမျက်နှာတွင် သင့်နမူနာကို ကြည့်ရှုသူများအတွက် ပြသပေးမည်။
တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်းရှိ “စီမံရန်” တဘ်မှ ကြိုတင်အချိန်စီစဉ်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုများတွင်သာ နမူနာများကို ပြသနိုင်သည်။
- ပုံမှန် အပ်လုဒ်တင်နေကျအတိုင်း သင်၏ နမူနာဇာတ်ကားကို သင်၏ YouTube ချန်နယ်သို့ အပ်လုဒ်လုပ်ပါ။
- YouTube Studio
တိုက်ရိုက်လွှင့်ရန်
သို့သွားပါ။
- အချိန်ဇယားဆွဲ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ပြုလုပ်ပါ (သို့) "စီမံရန်" တက်ဘ်မှ စီစဉ်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို ရွေးချယ်ပါ။
- ညာဘက်ထိပ်ရှိ တည်းဖြတ်ရန် ကိုရွေးပါ။
- စိတ်ကြိုက်ပြင်ဆင်ရန် ကိုနှိပ်ပါ။
- “နမူနာ” အောက်ရှိ ထည့်ရန် ကိုနှိပ်ပါ။
- သင့်နမူနာဗီဒီယိုကို ရွေးပါ။
- သိမ်းရန် ကိုနှိပ်ပါ။
သတ်မှတ်ချက်ပြည့်မီမှု
စာရင်းသွင်းသူ ၁၀၀၀ ကျော်ရှိပြီး ကွန်မြူနတီ လမ်းညွှန်ချက်များ စာရင်းပယ်ရန် သတိပေးချက် မရှိသော ထုတ်လုပ်သူများအတွက် ဤတူးလ်ကို ရနိုင်သည်။
လိုအပ်ချက်များ
- ဗီဒီယို အမျိုးအစား- YouTube ကပံ့ပိုးသည့် ဗီဒီယိုအမျိုးအစား ကိုသုံးပါ။
- ဗီဒီယိုကြာချိန်- ၁၅ စက္ကန့်မှ ၃ မိနစ်အထိ။
- အချိုးအစားနှင့် ပုံရိပ်ပြတ်သားကိန်း- Premier ဗီဒီယိုနှင့်တူညီသည့် အချိုးအစားနှင့် ပုံရိပ်ပြတ်သားကိန်းကို သုံးရန် အကြံပြုပါသည်။
- အသံနှင့် ဗီဒီယိုဆိုင်ရာ မူပိုင်ခွင့်များ- နမူနာသည် အခြားအကြောင်းအရာများ၏ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းမရှိကြောင်း သေချာပါစေ။
တိုက်ရိုက်ထုတ်လွှင့်မှုများကို စီမံခြင်း
- YouTube Studio သို့သွားပါ။
- ဘယ်ဘက်မီနူးမှ အကြောင်းအရာ ကိုရွေးပါ။
- တိုက်ရိုက် တဘ် ကိုနှိပ်ပါ။
- ယခုတိုက်ရိုက်လွှင့်မှု- ယခုတိုက်ရိုက်ထုတ်လွှင့်နေသည့် ဗီဒီယိုများ။
- နောင်လွှင့်မည့်အရာများ- ယခုမထုတ်လွှင့်သေးသော်လည်း နောင်တစ်ချိန်တွင် ထုတ်လွှင့်မည့် ဗီဒီယိုများ။
- တိုက်ရိုက်လွှင့်များကို ပြန်ကြည့်ခြင်း- တိုက်ရိုက်လွှင့်ပြီးသော ဗီဒီယိုများ။
တိုက်ရိုက်ထုတ်လွှင့်မှု ထိန်းချုပ်ခန်း တွင် ကြိုတင်အချိန်စီစဉ်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း ကြည့်ရှု၍ စတင်နိုင်ပါသည်။
- ဘယ်ဘက်ရှိ စီမံရန် ကိုနှိပ်ပါ။
- စတင်လိုသော ကြိုတင်အချိန်စီစဉ်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုကို နှိပ်ပါ။
- တိုက်ရိုက်လွှင့်ရန် ကိုနှိပ်ပါ။