မသင့်တော်သည့် အကြောင်းအရာများကို တိုင်ကြားရန် (သို့) အလံပြရန် YouTube ကွန်မြူနတီအဖွဲ့ဝင်များအား ကျွန်ုပ်တို့ အားထားပါသည်။ အကြောင်းအရာကို အမည်မဖော်ဘဲ တိုင်ကြားနိုင်သောကြောင့် အခြားအသုံးပြုသူများ အနေဖြင့် မည်သူတိုင်မှန်း မသိနိုင်ပါ။
အကြောင်းအရာကို တိုင်ကြားပြီးနောက် ဘာဖြစ်မလဲ။
တိုင်ကြားပြီးနောက် အကြောင်းအရာသည် အလိုအလျောက် ဖြုတ်ချခံရမည်မဟုတ်ပါ။ တိုင်ကြားခံရသော အကြောင်းအရာကို အောက်ပါလမ်းညွှန်ချက်များအတိုင်း စစ်ဆေးသည်-
- ကျွန်ုပ်တို့၏ ကွန်မြူနတီလမ်းညွှန်ချက်များ အား ချိုးဖောက်သော အကြောင်းအရာကို YouTube မှ ဖယ်ရှားပါမည်။
- ငယ်ရွယ်သည့် ပရိသတ်များအတွက် သင့်လျော်မှုမရှိနိုင်သော အကြောင်းအရာကို အသက်အရွယ် ကန့်သတ်ချက် ထားနိုင်ပါသည်။
သင်တိုင်ကြားခဲ့သည့် ဗီဒီယိုသည် ဖယ်ရှားခံခဲ့ရခြင်းရှိမရှိ စစ်ဆေးနိုင်ရန် သင့် တိုင်ကြားမှုမှတ်တမ်း ကို ကြည့်ရှုနိုင်ပါသည်။
အကြောင်းအရာကို တိုင်ကြားနည်း
တိုင်ကြားထားသော ဗီဒီယိုများကို YouTube က တစ်နေ့လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ၇ ရက်လုံး ပြန်လည်စိစစ်သည်။ YouTube ပေါ်သို့ အပ်လုဒ်လုပ်ထားသည့် ဗီဒီယိုကို အချိန်မရွေး တိုင်ကြားနိုင်ပါသည်။ အကယ်၍ ကျွန်ုပ်တို့၏ စိစစ်ရေးအဖွဲ့က မည်သည့်ချိုးဖောက်မှုမှ မတွေ့လျှင် မည်မျှပင်တိုင်ကြားစေကာမူ ၎င်းဗီဒီယိုသည် ကျွန်ုပ်တို့၏ဝဘ်ဆိုက်ပေါ်တွင် ဆက်ရှိနေပါမည်။
- YouTube အက်ပ်ကို ဖွင့်ပါ။
- သင်တိုင်ကြားလိုသည့် ဗီဒီယိုသို့ သွားပါ။
- ဗီဒီယိုအောက်တွင် တိုင်ကြားရန်
ကို တို့ပါ။
- ဗီဒီယိုရှိ ချိုးဖောက်မှုနှင့် အကိုက်ညီဆုံး အကြောင်းရင်းကို ရွေးပါ။
- တိုင်ကြားရန် ကို တို့ပါ။
Short ဗီဒီယိုကို တိုင်ကြားခြင်း
- YouTube သို့ လက်မှတ်ထိုးဝင်ပါ။
- သင်တိုင်ကြားလိုသည့် Short ဗီဒီယိုသို့ သွားပါ။
- ညာဘက်ထိပ်ရှိ နောက်ထပ်
တိုင်ကြားရန်
ကို တို့ပါ။
- ဗီဒီယိုရှိ ချိုးဖောက်မှုနှင့် အကိုက်ညီဆုံး အကြောင်းရင်းကို ရွေးပါ။
- တိုင်ကြားရန် ကို တို့ပါ။
မှတ်ချက်တစ်ခုကို တိုင်ကြားခြင်း
ကျွန်ုပ်တို့၏ ကွန်မြူနတီ လမ်းညွှန်ချက်များ ကို ချိုးဖောက်သော မှတ်ချက်ကို တိုင်ကြားနိုင်သည်။
- YouTube အက်ပ်ကို ဖွင့်ပါ။
- သင်တိုင်ကြားလိုသည့် မှတ်ချက်သို့ သွားပါ။
- နောက်ထပ်
တိုင်ကြားရန်
ကို တို့ပါ။
- အကြောင်းအရာကို တိုင်ကြားရသည့် အကြောင်းရင်း ရွေးပါ။
- တိုင်ကြားရန် ကို တို့ပါ။
- ချန်လှပ်နိုင်သည်- မှတ်ချက်တစ်ခုကို တိုင်ကြားပြီးနောက် ထိုအသုံးပြုသူ၏ မှတ်ချက်များကို သင်၏ချန်နယ်တွင် မပြရန် ‘ထုတ်လုပ်သူ’ အနေဖြင့် တားဆီးနိုင်သည်။ ကျွန်ုပ်ချန်နယ်ပေါ်တွင် အသုံးပြုသူကို ဖျောက်ထားပါ ဘေးရှိ အကွက်ကို ခြစ်ပါ
OK ကို နှိပ်ပါ။
ကျွန်ုပ်၏ မှတ်ချက်ကို စပမ်းအဖြစ် မှားယွင်းစွာသတ်မှတ်ထားသည်
သင်၏ မှတ်ချက်များကို စပမ်းအဖြစ် မှားယွင်းစွာ သတ်မှတ်ခံရပါက အပ်လုဒ်လုပ်သူကို ဆက်သွယ် ပြီး သင့်မှတ်ချက် ပြန်လည်ဖော်ပြပေးရန် တောင်းဆိုနိုင်သည်။
‘ကွန်မြူနတီ ပို့စ်’ ကို တိုင်ကြားခြင်း
- တိုင်ကြားလိုသည့် ပို့စ်သို့ သွားပါ။
- ညာဘက်ထိပ်ရှိ နောက်ထပ်
တိုင်ကြားရန်
ကို တို့ပါ။
- ပို့စ်ရှိ ချိုးဖောက်မှုနှင့် အကိုက်ညီဆုံး အကြောင်းရင်းကို ရွေးပါ။
- တိုင်ကြားရန် ကို တို့ပါ။
တိုက်ရိုက်ချတ်မက်ဆေ့ဂျ်ကို တိုင်ကြားခြင်း
- YouTube အက်ပ်ကို ဖွင့်ပါ။
- တိုင်ကြားလိုသော တိုက်ရိုက်ထုတ်လွှင့်မှု၏ မက်ဆေ့ဂျ်သို့ သွားပါ။
- မက်ဆေ့ဂျ်
တိုင်ကြားရန်
ကို တို့ပါ။
- မက်ဆေ့ဂျ်ကို တိုင်ကြားရန်အတွက် ချိုးဖောက်မှုနှင့် အကိုက်ညီဆုံး အကြောင်းရင်းကို ရွေးပါ။
- တိုင်ကြားရန် ကို တို့ပါ။
မသင့်တော်သော (သို့) Google Ads မူဝါဒများ ကို ချိုးဖောက်သော ကြော်ငြာ တွေ့ရှိပါက တိုင်ကြားနိုင်သည်။ ဤ ဖောင် ဖြည့်ပြီး ပို့ပါ။
ဗီဒီယိုတစ်ခုရှိ ကြော်ငြာကို တိုင်ကြားရန်-
- ကြော်ငြာပေါ်ရှိ ကြော်ငြာခပေးထားသည်
ကို တို့ပါ။
- ကြော်ငြာတိုင်ကြားရန်
ကို ရွေးပါ။
- ဖောင် ဖြည့်ပြီး ပို့ပါ။ သင်၏ ကြော်ငြာတိုင်ကြားချက်ကို ကျွန်ုပ်တို့၏ အဖွဲ့က စိစစ်ပြီး သင့်တော်သလို အရေးယူဆောင်ရွက်ပါမည်။
စကားဝိုင်းကို တိုင်ကြားခြင်း
- YouTube အက်ပ်ကို ဖွင့်ပါ။
- သင်တိုင်ကြားလိုသော စကားဝိုင်းသို့ သွားပါ။
- နောက်ထပ်
စကားဝိုင်းကို တိုင်ကြားရန်
ကို တို့ပါ။
- စကားဝိုင်းကို တိုင်ကြားရသည့် အကြောင်းရင်း ရွေးပါ။
- ‘တိုင်ကြားရန်’ ကို တို့ပါ။
သင့် TV မှတစ်ဆင့် YouTube ပေါ်ရှိ အကြောင်းအရာကို တိုင်ကြားခြင်း
YouTube TV အက်ပ်မှ ဗီဒီယိုတစ်ခုကို တိုက်ရိုက် တိုင်ကြားနိုင်ပါသည်။
- YouTube အက်ပ်ကို ဖွင့်ပါ။
- သင်တိုင်ကြားလိုသည့် ဗီဒီယိုသို့ သွားပါ။
- ဆက်တင်များ
တိုင်ကြားမည် သို့ သွားပါ။
- သင်ဗီဒီယိုကို တိုင်ကြားလိုသည့် အကြောင်းရင်းကို ရွေးပါ။
- အကြောင်းရင်းကို ရွေးချယ်ပြီးပါက အတည်ပြုမက်ဆေ့ဂျ်တစ်ခု ပြသပါမည်။
သင့် VR ကိရိယာမှ YouTube ပေါ်ရှိ အကြောင်းအရာအား တိုင်ကြားခြင်း
VR စက် အသုံးပြုပါက မသင့်လျော်သော အကြောင်းအရာများကို YouTube VR အက်ပ်တွင်းမှတစ်ဆင့် တိုက်ရိုက်တိုင်ကြားရန် ဤနေရာ ရှိ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နိုင်သည်။
တိုင်ကြားရန် အခြားနည်းလမ်းများ
အကယ်၍ တိုင်ကြားခြင်းလုပ်ငန်းစဉ်သည် သင့်ပြဿနာအား တိကျစွာမဖော်ပြနိုင်လျှင် သင်အသုံးပြုနိုင်သော အခြားတိုင်ကြားခြင်းလုပ်ထုံးလုပ်နည်းများ ကျွန်ုပ်တို့တွင်ရှိပါသည်။
ကိုယ်ရေးအချက်အလက်လုံခြုံမှုအတွက် တိုင်ကြားခြင်း
- သင်တိုင်ကြားလိုသည့် အကြောင်းအရာ (သို့) ချန်နယ်သို့ သွားပါ။
- အကြောင်းအရာ (သို့) ချန်နယ်အောက်တွင် နောက်ထပ်
တိုင်ကြားရန်
ကို နှိပ်ပါ။
- ပေါ်လာသည့်စာရင်းတွင် ဥပဒေရေးရာ ပြဿနာ ကို နှိပ်ပါ။
- သက်ဆိုင်သည့်ပြဿနာကို ရွေးပါ။ သင့်ပြဿနာကို ရွေးရန်မရှိလျှင် အခြားဥပဒေရေးရာ ပြဿနာ ကို နှိပ်ပါ။
- အောက်တွင် ရှေ့သို့ ကို နှိပ်ပါ။
- ဖောင်ပုံစံဖြည့်ပြီး တင်ပါ။
ကယ်လီဖိုးနီးယားအသုံးပြုသူများအတွက်- အကောင့်ထွက်ထားသည့်အချိန်တွင် အကြောင်းအရာ တိုင်ကြားခြင်း