YouTube ပေါ်တွင် သင်၏စိတ်ဝင်စားမှုများ၊ စိတ်အားထက်သန်မှုများ၊ ကိုယ်ရည်ကိုယ်သွေး စသည်တို့ကို ကိုယ်တိုင် ထုတ်လွှင့်ရန် အခွင့်အရေးရှိသည်။ သင်ထုတ်လုပ်သည့် အကြောင်းအရာတွင် ဤစိတ်ဝင်စားမှုများ ပါဝင်ပြီး သင့်ချန်နယ်အတွက် ပရိသတ်များ အသိအမှတ်ပြုသည့် အမှတ်တံဆိပ်တစ်ခု ပြုလုပ်နိုင်စေမည်ဖြစ်သည်။ သင်၏ ချန်နယ် အမှတ်တံဆိပ် သည် သင့်အား ထင်ရှားစေပြီး သင့်မက်ဆေ့ဂျ်ကို ရှင်းလင်းစွာ ပို့ဆောင်ရန် ကူညီသည်။
သင့်အမှတ်တံဆိပ်သည် ချန်နယ်အမည်နှင့် စတင်သော်လည်း နဖူးစည်းပုံနှင့် ပရိုဖိုင်ပုံတို့ကဲ့သို့ ချန်နယ် ကြည့်ရှုစရာများအထိ တိုးချဲ့ပါဝင်သည်။
ချန်နယ် အမှတ်တံဆိပ်အတွက် ကြည့်ရှုစရာများ ရွေးချယ်ရာတွင် သင့်ကိုယ်သင် မေးရန် မေးခွန်းအနည်းငယ်မှာ-
- ထုတ်လုပ်သူအနေနှင့် သင်က ဘယ်သူလဲ။
- ဘယ်အရာက သင့်ကို တစ်မူထူးခြားစေသလဲ။
- ထုတ်လုပ်သူနှင့် သင့်ကို ထောက်ခံသည့် ကွန်မြူနတီအနေနှင့် သင့်အမှတ်တံဆိပ်က သင့်တန်ဖိုးများကို ဘယ်လို ထပ်ဟပ်စေပါသလဲ။
- အမှတ်တံဆိပ်ဆောက်တည်ရာတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း နှစ်မျိုးလုံးတွင် ဘယ်လို ကိုက်ညီမှု ရှိပါသလဲ။
Simply Not Logical ၎င်းတို့၏ ပရိုဖိုင်ပုံနှင့် နဖူးစည်းပုံတို့တွင် အရောင်သုံးထားပုံ ကိုက်ညီမှုရှိသည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်း အချိန်ဇယားနှင့် လူမှုကွန်ရက် လင့်ခ်များကို ၎င်းတို့၏ နဖူးစည်းပုံတွင် ပြထားသည်။
သင့်ပရိုဖိုင်ပုံနှင့် နဖူးစည်းပုံတို့မှတစ်ဆင့် အမှတ်တံဆိပ် အထောက်အထား ဖော်ပြပုံကို လေ့လာကြရအောင်။
သင်၏ YouTube ပရိုဖိုင်ပုံကို ဒီဇိုင်းရေးဆွဲခြင်း
- ပရိုဖိုင်ပုံ သည် သင့်ချန်နယ်ကို ကိုယ်စားပြုသည့် လက်မှတ်ပုံ သို့မဟုတ် လိုဂို ဖြစ်သည်။ ၎င်းကို သင့်ချန်နယ်စာမျက်နှာ၊ မှတ်ချက်ရေးချိန်နှင့် ဖွင့်သည့်စနစ်အများစုရှိ ဗီဒီယိုများ၏ ညာဘက်အောက်ခြေ စသည့် နေရာများစွာတွင် မြင်ရသည်။ စတုရန်း သို့မဟုတ် အဝိုင်းပုံကို အပ်လုဒ်လုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
- နဖူးစည်းပုံ သည် သင့်ချန်နယ်အကြောင်းကို ပြရန် ပိုကျယ်သော နေရာတစ်ခု ဖြစ်သည်။ စက်အားလုံးတွင် အကောင်းဆုံး ပြကွက်ကို ရရှိနိုင်ရန်အတွက် သင့်နဖူးစည်းပုံသည် အနည်းဆုံး 2560x1440 px ရှိစေရန် ကျွန်ုပ်တို့ အကြံပြုပါသည်။ ၎င်းကို သင့်အကြိုက်ဆုံး ဓာတ်ပုံတည်းဖြတ်သည့် ဆော့ဖ်ဝဲတွင် ပြုလုပ်နိုင်သည်။ Canva သည် နဖူးစည်းများ ပြုလုပ်ရာတွင် လူကြိုက်များသော ရင်းမြစ်တစ်ခု ဖြစ်သည်။
သိထားသင့်သည်များ
- ခိုင်မာသော အမှတ်တံဆိပ်များ၏ ကြည့်ရှုစရာများတွင် ပုံသဏ္ဌာန်၊ ခံစားမှုနှင့် အသံတို့ ကိုက်ညီမှုရှိသောကြောင့် မှတ်မိလွယ်သည်။ ပရိုဖိုင်ပုံနှင့် နဖူးစည်းပုံတို့ကို ချိန်ညှိပုံနှင့် ၎င်းတို့က သင့်ချန်နယ် အထောက်အထားကို ဖော်ပြပုံအကြောင်း ထည့်သွင်းစဉ်းစားပါ။ ဤအရာများသည် YouTube မှ သင်၏ အမှတ်တံဆိပ်တည်ဆောက်ခြင်းနှင့် တူညီပါစေ။
- ချန်နယ် ကုန်အမှတ်တံဆိပ် တည်ဆောက်သည့် အစိတ်အပိုင်းများသည် YouTube ၏ ကွန်မြူနတီ လမ်းညွှန်ချက်များ ကို လိုက်နာရမည်ဖြစ်ကြောင်း သတိပြုပါ။
ကျွန်ုပ်တို့ အကြံပြုထားသည်
- သင်သည် ပုံမှန် အပ်လုဒ်လုပ်သည့် အချိန်ဇယားကို ထိန်းသိမ်းထားပါက သင်၏ နဖူးစည်းပုံတွင် အချိန်ဇယားထည့်ခြင်း ဖြင့် မည်သည့်အချိန်တွင် ဗီဒီယိုအသစ်များအတွက် လာကြည့်သင့်ကြောင်း ပရိသတ်ကို အသိပေးနိုင်သည်။
- နဖူးစည်းပုံနှင့် ပရိုဖိုင်ပုံတို့သည် သင်နှင့်အတူ ပြောင်းလဲနိုင်သည်။ သင့်တန်ဖိုးများ သို့မဟုတ် သင်ဆက်သွယ်ပြောဆိုလိုသည့် မက်ဆေ့ဂျ် ပြောင်းလဲသွားသည်ဟု ခံစားရပါက ချန်နယ်ရှိ ကြည့်ရှုစရာများကို ပြောင်းပါ။
- သင့်ကြည့်ရှုစရာများနှင့် ပတ်သက်၍ မည်သည့်အချိန်တွင် ကုန်အမှတ်တံဆိပ် ပြန်ပြင်ရန် သို့မဟုတ် မည်သည့် ဦးတည်ချက်ဖြင့် သွားရန် မသေချာဘူးလား။ သင့်ပရိသတ်ကို ပါဝင်ခိုင်းလိုက်ပါ။ ကြည့်ရှုသူများကို ၎င်းတို့နှစ်သက်သည့်အရာများအကြောင်း တိုက်ရိုက်မေးမြန်းပြီး ‘ပို့စ်’ တဘ်နှင့် ‘Shorts’ သုံး၍ သင့်ချန်နယ်ရှိ ကြည့်ရှုစရာများကို မဲပေးခိုင်းပါ။
နောက်ထပ်- ရှာဖွေခြင်းနှင့် လေ့လာတွေ့ရှိခြင်းဆိုင်ရာ အကြံပြုချက်များ ကို ကြည့်ပါ